ဝဿန် ရုပ်ရှင်ပွဲတော် ဆုပေးပွဲ စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်မည်

ဝဿန် ရုပ်ရှင်ပွဲတော် ဆုပေးပွဲ စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်မည်

ငါးကြိမ်မြောက် ဝဿန် ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၉ရက် မှ ၁၃ရက် အထိ ရန်ကုန်မြို့ ဝဇီရာ ရုပ်ရှင်ရုံတွင် ကျင်းပမည် ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်တွင် ဆုပေးပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

ပထမဆုံးဝဿန် ရုပ်ရှင်ပွဲတော်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် စတင်ကျင်းပခဲ့ပြီး ပင်မ ရေစီး ကြောင်း ရုပ်ရှင်များမှ ခွဲထွက်သည့် ရုပ်ရှင်များ ၊ လူငယ်ဒါရိုက်တာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

ဝဿန် ရုပ်ရှင်ပွဲတော်သို့ လျှောက်ထားသည့် မှတ်တမ်းတင် ရုပ်ရှင်နှင့် ဇာတ်လမ်းရုပ်ရှင် စုစုပေါင်း ၅၈ ကားမှ ဆန်ကာတင် ၁၈ ကားကို အတွက် ရုပ်ရှင်ပွဲတော်တွင် ပြသရန် ရွေးချယ်ထားပြီး ဖြစ်သည်။ ပြိုင်ပွဲ ဇာတ်ကား ၁၈ ကားထဲတွင် မပါဝင်သည့် ဇာတ်ကား ၂ ကားကိုလည်း Non- Competition ခေါင်းစဉ်ဖြင့် ရုပ်ရှင် ပွဲတော်တွင်  ပြသသွားမည် ဖြစ်သည်။

ယခုနှစ်တွင် ပြိုင်ပွဲဝင် ဇာတ်ကားများအပြင် အရှေ့တောင်အာရှ နိုင်ငံများမှ ရုပ်ရှင်များကို လည်း ပြသသွားမည် ဖြစ်သည်။ စက်တင်ဘာ ၁၃ရက် ညနေ ၄ နာရီတွင် ဆုများကို ရွေးချယ်ပြီး ဆုရ ဇာတ်ကား များကို ပြသသွားမည် ဖြစ်သည်။

အဆိုပါ ဇာတ်ကားများထဲမှ အကောင်းဆုံး မှတ်တမ်းတင် ရုပ်ရှင်ဆု၊ အကောင်းဆုံး ဇာတ်လမ်း တို ရုပ်ရှင်ဆုနှင့် အမြင်သစ်ဆု စသည့်ဆုသုံးဆုကို ဖိတ်ကြားထားသည့် ပြည်တွင်း ပြည်ပ ဒိုင်လူကြီးများ ကရွေးချယ် ချီးမြင့်ပေးမည် ဖြစ်သည်။

ဝဿန် ရုပ်ရှင်ပွဲတော်ကို အဓိက ကူပံ့သည့် Black Magic Design ကလည်း အကောင်းဆုံးမှတ်တမ်း ရုပ်ရှင်ဆု နှင့် အကောင်းဆုံး ဇာတ်လမ်း ရုပ်ရှင်ဆု နှစ်ဆုအတွက် Black Magic URSA PL 4K ကင်မရာ တစ်လုံး စီ ဆုချီးမြှင့်သွားမည်ဖြစ်သည်။  

အမြင်သစ်ဆုအတွက် co-sponsor ဖြစ်သည့် SSHD Solution က Black Magic 4K package ကို ၁၀ ဂျူတီစာ အခမဲ့ ငှားရမ်းအသုံးပြုခွင့်တို့ကို ချီးမြှင့်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly