ဝီလျံအတွက် ဘာစီလိုနာက စျေးထပ်တိုးကမ်းလှမ်းလျှင် ချယ်လ်ဆီးလက်ခံဖွယ်ရှိ

ဝီလျံအတွက် ဘာစီလိုနာက စျေးထပ်တိုးကမ်းလှမ်းလျှင် ချယ်လ်ဆီးလက်ခံဖွယ်ရှိ

ဇူလိုင် ၂၄၊ လန်ဒန်။          ။ ချယ်လ်ဆီးအသင်းသည် ဘရာဇီးတောင်ပံကစားသမား ဝီလျံအတွက် ဘာစီလိုနာအသင်း၏ တတိယအကြိမ်ကမ်းလှမ်းမှုကို ပယ်ချလိုက်သော်လည်း ဈေးထပ်တိုး ကမ်းလှမ်းပါက လက်ခံဖွယ်ရှိနေသည်။

ပေါင် ၆၅ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်းဖြစ်သော်လည်း ပေါင်သန်း ၇၀ ဖြင့်ကမ်းလှမ်းပါက ရောင်းချရန် သဘောတူဖွယ် ရှိသည်ဟု ဒေးလီးမေးလ်သတင်းတွင် ဖော်ပြထားသည်။

ထပ်ဆောင်းငွေများပါဝင်သော စပိန်ချန်ပီယံအသင်း၏ တတိယအကြိမ်ကမ်းလှမ်းမှုကို ကွင်းလယ်ကစားသမားကလည်း လက်ခံရန် ဆန္ဒရှိခဲ့သည်ဟု ယူဆရသည်။

သို့သော် နည်းပြသစ် ဆာရီက ၂၉ နှစ်အရွယ် ဝီလျံကို အသင်းတွင်ဆက်ရှိနေစေလိုခြင်းက ချယ်လ်ဆီးအသင်း၏ ဆိုဈေးအပေါ် သက်ရောက်မှုရှိနေခြင်း ဖြစ်သည်။

ဆွေးနွေးမှုအခြေအနေကောင်းမွန်နေဆဲဖြစ်ပြီး မကြာမီအပြောင်းအရွှေ့အကောင်အထည်ဖော်နိုင်မည်ဟု ဘာစီလိုနာက ယုံကြည်နေဆဲ ဖြစ်သည်။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ကစားသမားသစ်ခေါ်ယူရေးနှင့်ပတ်သက်ပြီး ရက်ပိုင်းအတွင်း ဆွေးနွေးရာတွင် ဝီလျံ၏ ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးဖွယ်ရှိနေသည်။

ဘာစီလိုနာသည် ဘော်ဒိုးကြယ်ပွင့် မယ်လ်ကွန်ကို ရိုးမားနှင့်အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေခြင်းကလည်း ဝီလျံ၏အပြောင်းအရွှေ့ အပေါ် သက်ရောက်မှု ရှိလာနိုင်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required