ရန်ကုန်တိုင်းအတွင်း လမ်းများပြင်ရန် ဝန်ကြီးချုပ် အစည်းအဝေးလုပ်

ရန်ကုန်တိုင်းအတွင်း လမ်းများပြင်ရန် ဝန်ကြီးချုပ် အစည်းအဝေးလုပ်
ဓာတ်ပုံ- Phyo Min Thein facebook

ရန်ကုန် ၊ ဇူလိုင် ၂၄ ။           ။ ရန်ကုန်မြို့ရှိလမ်းများ ကောင်းမွန်ခြင်းမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီး သုံးရက်အကြာတွင် ရန်ကုန်တိုင်းအတွင်းရှိ လမ်းများကို အဆင့်မြှင့်တင်ခြင်းအစည်းအဝေးကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ဇူလိုင်လ ၂၃ ရက် က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ တက်ရောက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၂၀ ရက်နေ့က ကော့မှူးမြို့သို့ သွားရာ၌ ကော့မှူးမြို့ရှိ လမ်းများကောင်းမွန်လာသော်လည်း ရန်ကုန်မြို့တွင်းရှိလမ်းများ မကောင်းမွန်ကြောင်း နှိုင်းယှဉ် ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ ယင်းသို့ပြောဆိုခဲ့ပြီး သုံးရက်အကြာ ဇူလိုင်လ ၂၃ ရက်နေ့တွင် လမ်းအဆင့်မြှင့်တင်ရေး အစည်းအဝေးကို ဝန်ကြီးချုပ်မှ ဦးဆောင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly