‘လူမျိုးရေးခွဲခြားခံရမှု’နဲ့ ဝေဖန်မှုများစွာ ခံနေရတာကြောင့် ဂျာမနီလက်ရွေးစင်ကစားသမားဘဝကနေ အနားယူသွားတဲ့ အိုဇေးလ်

‘လူမျိုးရေးခွဲခြားခံရမှု’နဲ့ ဝေဖန်မှုများစွာ ခံနေရတာကြောင့် ဂျာမနီလက်ရွေးစင်ကစားသမားဘဝကနေ အနားယူသွားတဲ့ အိုဇေးလ်
(ဓာတ်ပုံ - AFP)

အိုဇေးလ်က ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်း ကျရှုံးခဲ့မှုကြောင့် သူဟာ “လူမျိုးရေးခွဲခြားခံရမှု”နဲ့ ဝေဖန်မှုများစွာ ခံနေရတာကြောင့် လက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူသွားပြီဖြစ်တယ်လို့ တနင်္ဂနွေနေ့က ပြောပါတယ်။

“ပြီးခဲ့တဲ့ ပြိုင်ပွဲမှာတုန်းက လူမျိုးရေးခွဲခြားခံရမှု၊ လေးစားမှုကင်းမဲ့ခံရတဲ့ ခံစားမှုတွေကြောင့် ဂျာမနီအသင်းအတွက် ဆက်မကစားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”လို့ အိုဇေးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ (၂)ပွဲရှုံး၊ (၁)ပွဲနိုင် ရလဒ်နဲ့ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် အိုဇေးလ်ရဲ့ ခြေစွမ်းပေါ် ဝေဖန်မှုများ ရှိခဲ့သလို ပြိုင်ပွဲမတိုင်မီ မေလက တူရကီနွယ်ဖွား ကစားသမားဟာ တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံခဲ့ပြီး ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မေးခွန်းပေါင်းများစွာ ထွက်ပေါ်ခဲ့ပါတယ်။

“ကျနော့်မှာ အသဲနှလုံး နှစ်ခုရှိပါတယ်။ တစ်ခုက ဂျာမနီ၊ နောက်တစ်ခုက တူရကီပါ။”သူက ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ဟာ ဂျာမနီလက်ရွေးစင်ကစားသမားအဖြစ် (၉)နှစ်ကြာ ကစားပေးခဲ့ပြီး စုစုပေါင်း (၉၂)ပွဲကစားကာ (၂၃)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required