မြစ်ကြီးနားမြို့မှ ဗိုလ်ချုပ်ကြေးရုပ်ထု သင်္ဘောဆေးလောင်းခံရ

မြစ်ကြီးနားမြို့မှ ဗိုလ်ချုပ်ကြေးရုပ်ထု သင်္ဘောဆေးလောင်းခံရ

 

ရန်ကုန်၊ ဇူလိုင် ၂၃ ။         ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဇူလိုင်လ ၂၃ ရက် က သင်္ဘောဆေးလောင်းခံရမှု ဖြစ်ပွားခဲ့သည်။

ဇူလိုင် ၂၂ ရက်ညပိုင်းတွင် သင်္ဘောဆေးအစိမ်းရောင်ကို ဗိုလ်ချုပ်ကြေးရုပ် မျက်နှာဘေးမှ နေ၍ လောင်းချသွားခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးစက်စ်ကူးမား က ပြောသည်။

“ အဲ့နေ့ညက မိုးလည်း ရွာနေတယ်။ဘယ်သူမှ မသိလိုက်ဘူး။ ဒီ မနက်မှ သိကြရတာ” ဟု ၎င်းက ဆိုသည်။

သော့ခတ်ထားသည့် ရင်ပြင်ဝင်းထဲသို့ ကျော်တက်ဝင်ရောက်ကာ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မည်သူက၊ မည်သည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်ကိုတော့ မသိရှိရကြောင်းကြောင်း ဦးစက်စ်ကူးမားက ဆိုသည်။

ရင်ပြင်ဝင်းမှ တစ်ဆင့်အောက်ခြေဖောင်ဒေးရှင်းကိုခြေနင်းကာ ကြေးရုပ်ကို ဆေးလောင်းချသောကြောင့် အောက်ခြေဖောင်ဒေးရှင်း အုတ်ဖိနပ်တွင်လည်း အနည်းငယ် ပဲ့ကျနေသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်ရုပ်ထု စိုက်ထူခြင်းကို ခန္တီးမြို့နှင့် ကယားပြည်နယ်တွင် ဒေသခံအချို့က ကန့်ကွက်နေသော်လည်း စိုက်ထူရန် ကြိုးပမ်းနေမှုများ ရှိပြီးနောက် ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့မှ ၂၀၁၇ ဖေဖော်ဝါရီ ၁၃ ရက်က ပူးပေါင်းစိုက်ထူခဲ့သော ရုပ်ထု ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly