ငွေကြေးသုံးစွဲမှု မရှင်းလင်းသောကြောင့် လုံးခင်းကျောင်းအုပ်ကြီးကို တိုင်းကြားခဲ့ခြင်းဖြစ်

ငွေကြေးသုံးစွဲမှု မရှင်းလင်းသောကြောင့် လုံးခင်းကျောင်းအုပ်ကြီးကို တိုင်းကြားခဲ့ခြင်းဖြစ်

ဇူလိုင် ၂၂ ။           ။ လုံးခင်း အထကကျောင်းအုပ်ဆရာမကြီးကို တိုင်ကြားခဲ့ခြင်းမှာ ငွေကြေးသုံးစွဲရာ၌ ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့်ဖြစ်ကြောင်း တိုင်ကြားသူများက ပြောကြားသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ မေဓိကာရာမ ဓမ္မာရုံတွင် ဇူလိုင်လ ၂၂ရက်က ငွေကြေးအရှုပ်အရှင်းများ၊ ငွေကြေးကောက်ခံသည့် ကိစ္စများတိုင်ကြားမှုကြောင့် ရာထူးမှ ရပ်နား ခံလိုက်ရသည့် လုံးခင်း အထက ကျောင်းအုပ်ဆရာမကြီးကိစ္စအား တိုင်ကြားသူများမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်ကြားသူ ၅ ဦးတို့မှ ရပ်ကျေး၊မြို့နယ်၊ပြည်နယ် အဆင့်အဆင့်တိုင်ကြားရာ အရေးယူမှုမရှိသည့် အတွက် နေပြည်တော်သို့ တိုင်ကြားခဲ့ပြီး ရွာသူရွာသားများ၏ အထင်လွဲမှုများကို ရှင်းလင်းချင်သည့် အတွက် သတင်းစာရှင်းလင်းပွဲ ပြုခြင်းဖြစ်သည်။

"ငွေကြေးနဲ့ ပက်သက်ပြီး နိုင်ငံတော်က ငွေတွေ၊ ကျေးရွာကောက်ထားတဲ့ ငွေကြေးတွေကို သုံစွဲတဲ့အခါမှ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ သုံးစွဲပြီးနောက် စာရင်းရှင်းတမ်းများ မရှိခြင်းကြောင့် တိုင်ကြားရတာ ဖြစ်ပါတယ်။အဲ့လိုတိုင်ကြားပြီနောက်ပိုင်း ဆိုရှယ်မီဒီယာတွေမှာ သတင်းအမှန်မသိပဲ တင်နေကြတဲ့ တစ်ယောက်နဲ့ တစ်ယောက်မလိုလား အပ်တဲ့ ပြသနာတွေ မဖြစ်ပေါ်စေဖို့ အခုလို သတင်းစားရှင်းလင်းပွဲ ပြုလုပ်တာ" ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ကျောင်းအကျိုးတော်ဆောင် ဦးမြင့်ရီမှ ပြောသည်။

ဆရာမကြီးသည် နိုင်ငံတော်မှ ထောက်ပံ့မှုများပြုထားသော်လည်း ကျောင်းသားများထံမှ တစ်ဦးလျှင် ၅၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း အောင်လက်မှတ်ထုတ်ပေးရာတွင် ကျောင်းသားတစ်ဦးအတွက် ငွေ ၁၀၀၀ကျပ်ကောက်ခံခြင်း၊ ရီပို့ကဒ်အတွက် တစ်ဦးလျှင်၂၀၀ ကျပ် ကောက်ခံခြင်း၊ စားပွဲခုံ၊ ထိုင်ခုံ ပြင်ဆင်စရိတ်အတွက် တစ်ဦးလျှင်ကို ၅၀၀၀ ကျပ်နှုန်းကောက်ခံခြင်း၊ စာမေးပွဲစာရွက်ဖိုးအတွက် တစ်ဦးလျှင် ၂၀၀ ကျပ် ကောက်ခံခြင်း၊ ကျောင်းရှိရေသန့်စက်မှ ရေသန့်ဖိုး တစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်း ကောက်ခံမှုများကြောင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်နှင့် ပက်သက်၍ ဆရာမကြီးကို ဆက်သွယ်မေးမြန်းရာ ကျောင်း စစ်ဆေးရေး သွားနေသောကြောင့် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိခဲ့ပေ။ ဖားကန့်မြို့နယ်ရှိ လုံးခင်း အထက ကျောင်းတွင် ကျောင်းသား/ကျောင်းသူ ၂၀၀၀ ကျော်ရှိပြီး တိုင်ကြားခံရသည့် ဆရာမကြီးကို ၂၀၁၈ ဇူလိုင်လမှ စတင်ကာ တာဝန်မှ ရပ်နားခံခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required