စက်သုံးဆီသယ်ယာဉ် ရေထဲမျောပါ

စက်သုံးဆီသယ်ယာဉ် ရေထဲမျောပါ

မကွေး၊ ဇူလိုင်လ ၂၂ ရက်။        ။ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအုပ်စု ရွာသစ်ရေကျော်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့ ညနေ ၃နာရီ ၁၀မိနစ်အချိန်က ဆီဘောင်ဆာ ယာဉ်တစ်စီး ရေထဲသို့ မျောပါသွားခဲ့သည်။

၂၈၀၀ ဂါလံဆန့် စက်သုံးဆီသယ်ယာဉ်အား မိတ္ထီလာမြို့မှ အထက်မင်းလှမြို့သို့ သွားရောက်ရန် မိတ္ထီလာ-ကျောက်ပန်းတောင်း- ရွာမွန်-နတ်မောက်-မကွေး ကားလမ်းအတိုင်း မောင်းနှင်လာစဉ် နတ်မောက်မြို့နယ် ရွာမွန် ကျေးရွာ အုပ်စု ရွာသစ်ရေကျော်သို့ အရောက်တွင် ရေစီးအနက် (၄)ပေ၊ အကျယ် (၄၀) ပေခန့်ရှိ ရေကျော်အတွင်း မျောပါသွားခဲ့ခြင်းလည်း ဖြစ်သည်။

နတ်မောက်မြို့နယ်ရဲစခန်းကမူ ယာဉ်မောင်း ဦးမြအေးမှာ မဆင်မခြင်မောင်းနှင်၍ ဖြစ်ရခြင်းဟု ဆိုကာ ဇူလိုင်လ ၂၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ယာဉ် (ပ) ၃၃/၁၈ ရာဇာသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသူ နှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိသော်လည်း ကားလမ်းမနှင့် ပေ ၁၀၀ ခန့် မျောပါသွားသည့် အဆိုပါ ယာဉ်မှာ သဲထဲတွင် နစ်မြုပ်နေ၍ ရေကျချိန်မှသာ ကရိန်းကားဖြင့် ဆွဲထုတ်ရမည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required