ပလေးဘွိုင်းမော်ဒယ်ကို ငွေပေးဖို့ ညှိနှိုင်းခဲ့တဲ့ အသံဖိုင်ထွက်ပေါ်မှု ထရမ့် ရှင်းချက်ထုတ်

ပလေးဘွိုင်းမော်ဒယ်ကို ငွေပေးဖို့ ညှိနှိုင်းခဲ့တဲ့ အသံဖိုင်ထွက်ပေါ်မှု ထရမ့် ရှင်းချက်ထုတ်

ဇူလိုင် ၂၂ ။            ။ ပလေးဘွိုင်း မော်ဒယ်ဟောင်းတစ်ဦးကို ငွေပေးပြီး နှုတ်ပိတ်ဖို့ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ၎င်းရဲ့ ရှေ့နေဟောင်း မိုက်ကယ် ကိုဟန်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းတွေ့ဆုံမှုမှာ ထရမ့်ရဲ့ ပြောစကားတွေကို ကိုဟန်ဘက်က တိတ်တဆိတ် အသံဖမ်းထားခဲ့တယ်လို့ သိရပါတယ်။

ယခုအခါမှာ အဆိုပါအသံဖိုင်  လူသိရှင်ကြား ထွက်ပေါ်လာပြီးနောက် ထရမ့်ကတော့ ၎င်းရဲ့ရှေ့နေဟောင်း ကိုဟန်ကို ပေါ်ပေါ်ထင်ထင်ပဲ တိုက်ခိုက်ဝေဖန်သွားပါတယ်။

ယင်း အသံဖိုင်ကိုတော့ ယခုနှစ်စပိုင်းမှာ နယူးယော့ခ်မှာရှိတဲ့ ကိုဟန်ရဲ့ ရုံးကို FBI က ဝင်စီးနင်းရှာဖွေစဉ်အတွင်း ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီလို စီးနင်းမှုမျိုးကို သူ့အနေနဲ့ မကြားဖူးသလောက်ပဲ ဆိုပြီး ထရမ့်က တွစ်တာကနေတဆင့် ပြောပါတယ်။

ဒါ့အပြင် ရှေ့နေတစ်ယောက်က သူ့ရဲ့ အမှုသည်နဲ့ အကြား ပြောစကားတွေကို လျှို့ဝှက်အသံ ဖမ်းယူထားခြင်းမျိုးဟာ တကယ်တော့ ဥပဒေနဲ့ မညီဘဲ တရားလည်း မဝင်ကြောင်း ထရမ့်က ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာတော့ သူ့အနေနဲ့ ဘာအမှားအယွင်းမှ လုပ်မထားဘူးလို့ ထရမ့်က ပြောသွားပါတယ်။

ခုလို သမ္မတထရမ့်ရဲ့ ရှင်းလင်းချက်တွေဟာ လုံ့၀ အမှားအယွင်းတွေ ဖြစ်နေတယ်လို့ ကိုဟန်ရဲ့ ရှေ့နေက တုန့်ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်တုန်းက ထရမ့်နဲ့ ဆယ်လကြာလောက် ညှိစွန်းမှုတွေ ရှိခဲ့တယ်လို့ ပလေးဘွိုင်းမော်ဒယ်ဟောင်း ကာရင်း မက် ဒူဂဲလ်က ထုတ်ဖော်ပြောဆိုထားပြီးနောက် ယခုလို ထရမ့်နဲ့ ကိုဟန်တို့ တွေ့ဆုံကြပြီး ကာရင်းကို ငွေပေးနှုတ်ပိတ်စေဖို့ကိစ္စ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း နယူးယော့ခ်တိုင်းမ်က ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required