မြန်အောင်တွင် ရွှေဖိနပ်တစ်ရံ တွေ့ရှိသည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိ

မြန်အောင်တွင် ရွှေဖိနပ်တစ်ရံ တွေ့ရှိသည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိ
နဂါးကိုကြီးဆိုသည့် အကောင့်မှ ဇူလိုင်လ ၂၁ ရက်နေ့က ရွှေဖိနပ်တစ်ရံ တွေ့ရှိသည့် ဟုဆိုကာ တင်ထားသည့် ပုံ။ ဓာတ်ပုံ- နဂါးကိုကြီး

ဇူလိုင်လ ၂၂ ။             ။ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်တွင် အိမ်သာကျင်းတူးရာမှ ဘုရင်ခေတ် ရွှေဖိနပ်တစ်ရံ တူးဖာ်ရေရှိသည်ဆိုသော သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း မြန်အောင်မြို့နယ်မှ အုပ်ချုပ်ရေးမှူး ဦးချိုချိုက မဇ္ဈိမသို့ပြောသည်။

ဇူလိုင်လ ၂၁ ရက်နေ့က လူမှုကွန်ရက် ဖေ့ဘုတ်စ် စာမျက်နှာပေါ်တွင် ၊ မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စုမှ မောင်မိုးနိုင်ဆိုသူက အိမ်သာကျင်းတူးရာမှ   ရှေးဘုရင်ခေတ်က   ရွှေဖိနပ်တစ်ရံတူးဖော်တွေ့ရှိခဲ့သည့် သတင်းမှာ ပြန့်နှံ့လျက်ရှိသည်။ အဆိုပါ ရွှေဖိနပ်အား ကျပ်သိန်း ၁ဝဝ ဖြင့်လာရောက်ဝယ်ယူသူများရှိသော်လည်းရောင်း ချခြင်းမရှိဘဲ ရှေးဟောင်းသုတေသနဌာနမှ အချိန်မှီ ထိန်းသိမ်းသင့်ကြောင်း လူမှုကွန်ရက်သုံးစွဲသူများမှ ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

" ရွှေဖိနပ်ရတယ်ဆိုတာ မဟုတ်ပါဘူးဗျာ။ အလကားလျှောက်ဖွကြတာ။ သတင်းမှန်ကန်မှုမရှိပါဘူး။ ကျွန်တော်တို့လည်း ဒီလိုတင်ထားတာတွေတွေ့လို့ မနက်ကပဲ အဲ့ဒီကို လှမ်းချိတ်ပြီးမေးကြည့်ထားတာ"ဟု မြန်အောင်မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးချိုချိုက မဇ္ဈိမသို့ ယနေ့ ဇူလိုင်လ ၂၂ ရက်တွင်ပြောသည်။

အဆိုပါ သပြေကုန်းအုပ်စုတွင် လွန်ခဲ့သည့် ၃ နှစ်ခန့်က မြေတူးရာမှ လက်နှစ်ဆစ်ခန့်အရွယ် ငွေဖိနပ်တစ်ရံတွေ့ရှိခဲ့ဖူးကြောင်း၊ လက်ရှိတွင် အဆိုပါငွေဖိနပ်အား ဘုန်ကြီးကျောင်းတွင် ထိန်းသိမ်းထားရှိကြောင်း ဦးချိုချို ပြောပြချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required