အာရှရဲ့ ပထမဆုံး ရွှံ့နွံခရီးကြမ်းပြိုင်ပွဲ ဖိလစ်ပိုင်မှာ ကျင်းပ

.

မနီလာ၊ ဇူလိုင် ၂၁ ။        ။ အာရှရဲ့ ပထမဆုံး ရွှံ့နွံခရီးကြမ်း Tough Mudder ပြိုင်ပွဲကို ဖိလစ်ပိုင်မှာ ဇူလိုင် ၂၁ ရက်က ကျင်းပရာ ပြိုင်ပွဲဝင်သူတွေဟာ ရွံ့နဲ့ အတားအဆီးတွေကို ဖြတ်သန်းကျော်လွှားလို့ ယှဉ်ပြိုင်ကြပါတယ်။

အတားအဆီးအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားပြီး ယှဉ်ပြိုင်ရတဲ့ ဒီပြိုင်ပွဲဟာ ကမ္ဘာ့တစ်လွှားမှာဆိုရင် ကိုယ်ရော၊ စိတ်ပါ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရတဲ့ ပြိုင်ပွဲတစ်ရပ်အဖြစ်   ရေပန်းစားနေတာ ဖြစ်ပါတယ်။

ပြေးလမ်းတစ်လျှောက် ယှဉ်ပြိုင်ပြေးကြရာမှာ အုပ်စုအလိုက် ရဲဘော်ရဲဖက် စိတ်ဓာတ်ရှိဖို့လည်း လိုအပ်တဲ့ ယှဉ်ပြိုင်မှု အားကစားတစ်ရပ်ပါ။

မနီလာတောင်ပိုင်းက အလာဘန်းအရပ်မှာ ဇူလိုင် ၂၁ ရက် မနက်ပိုင်းက ကျင်းပတဲ့ ခုပြိုင်ပွဲမှာ ပြေးလမ်း ဆယ်မိုင်အတွင်း အမျိုးမျိုးသော အတားအဆီးတွေ ၁၀ ခုကနေ ၁၆ ခုကို ချထားတဲ့ကြားမှာ ကျော်လွှားပြီး ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။

နံနက် ခုနစ်နာရီကနေ ဆယ်နာရီအထိ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဖိလစ်ပိုင်အပြင် စင်ကာပူလို နိုင်ငံတွေက မရိန်းနဲ့ စစ်တပ်အဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ လာရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ အတားအဆီးတွေအဖြစ် Arctic Enema ဆိုတဲ့ ရေခဲရေပြွန်ကို ဖြတ်သန်းရခြင်း၊ Everest ခေါ် ပိုက်တန်းနံရံ၊ Block Ness Monster ခေါ် စိုစွတ်ပြီး ၀ိုင်းလည်နေတဲ့ အတားအဆီး၊ Electro Shock Therapy ခေါ် ရေနဲ့ အတားအဆီးတွေ သွယ်တန်းထားတဲ့ လျှပ်စစ်စီး ဓာတ်ကြိုးတွေ စတဲ့ အတားအဆီးတွေကို ရွှံ့ ၅၀၀၀၀၀ ဂါလံနဲ့ ရေခဲ တန် ၄၀ ဖြန့်ခင်းထားတဲ့ ပြေးလမ်းကြောင်းရှည်တစ်လျှောက် ချထားပြီး ယှဉ်ပြိုင်ဖြတ်သန်းစေတာ ဖြစ်ပါတယ်။