ဒုက္ခသည်များအား ပြည်ဝင်ခွင့်ပေးအပ်ရန် သြစတြေးလျ၌ ဆန္ဒပြ

ဒုက္ခသည်များအား ပြည်ဝင်ခွင့်ပေးအပ်ရန် သြစတြေးလျ၌ ဆန္ဒပြ

 

ဇူလိုင် ၂၁ ။                   ။ ပြည်ဝင်ခွင့်တောင်းဆိုတဲ့ လူတွေကို ပြည်ဝင်ခွင့်ပေးဖို့ သြစတြေးလျနိုင်ငံက Melbourne၊ Adelaide၊ Brisbane၊ Canberra နဲ့ Perth မြို့တွေမှာ အကြီးအကျယ်ဆန္ဒပြနေကြပြီဖြစ်ပါတယ်။

ရေကြောင်းကနေတစ်ဆင့် နိုင်ငံထဲခိုးဝင်တဲ့သူတွေကို သြစတြေးလျအစိုးရက Papua New Guinea မှာရှိတဲ့ Manus ကျွန်းစု ဒါမှမဟုတ် ပစိဖိတ်သမုဒ္ဒရာက Nauru ကျွန်းစုကို ပို့လိုက်တာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာပြဌာန်းလိုက်တဲ့ ဥပဒေအရ သြစတြေးလျနိုင်ငံဘက်ကို သင်္ဘောနဲ့လာတဲ့လူမှန်သမျှ သြစတြေးလျမှာ ခြေချခွင့်မရှိဘူးလို့ သိရပါတယ်။

“Manus နဲ့ Nauru ကျွန်းမှာရှိနေတဲ့ ဒုက္ခသည်တွေကို လွှတ်ပေးပြီး သြစတြေးလျမှာ နေထိုင်ခွင့်ပေးဖို့ ဆန္ဒပြတာပါ။”လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။

Nauru မှာအကျဉ်းကျခံထားရတဲ့ အီရန်နိုင်ငံသားတစ်ယောက်ဟာ ဇွန်လမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ ၎င်းရဲ့အလောင်းကို သြစတြေးလျကို သယ်လာပေမယ့် အာဏာပိုင်တွေက Nauru ဒါမှမဟုတ် အီရန်မှာပဲ သြင်္ဂိုဟ်ဖို့ ပြောခဲ့ပါတယ်။

ဒုက္ခသည်တွေကို ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့ ဇူလိုင်လ၊ ၂၀၁၃ ခုနှစ်ကစပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံတဲ့ ဒုက္ခသည် ၁၂ ယောက်မြောက်ရှိပြီဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required