ကလေး တောင်ပေါ်ကားလမ်းတွင် မြေပြို၍ လမ်းပိတ်ဆို့မှု ဖြစ်ပွား

ကလေး တောင်ပေါ်ကားလမ်းတွင် မြေပြို၍ လမ်းပိတ်ဆို့မှု ဖြစ်ပွား

ကလေး၊ ဇူလိုင် ၂၁ ။         ။ ယခုတစ်ပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလေး- ချင်းပြည်နယ် တောင်ပေါ်ကားလမ်းသည် ဖလမ်းမြို့နယ်၊ ဇောင်လဲကျေးရွာအနီး မိုင်တိုင် ၄၅ တွင် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး ကားအစီးရေ ၅၀ ဝန်းကျင်ခန့် ပိတ်မိနေကြောင်း သတင်းရရှိသည်။

"ကားလမ်းပိုင်းတွေကတော့ အရင်နှစ်တွေထက်စရင် ကောင်းလာပါတယ်။ နှစ်တိုင်းလိုလို တောင်ပြိုတွေနဲ့ လမ်းပိတ်ဆို့မှုတွေ ဖြစ်နေပါတယ်။ ညအိမ်စောင့်ရတဲ့အထိတော့ မဟုတ်ပါဘူး။ ခဏတဖြုတ်လောက်ပါပဲ။ တောင်ပြိုလမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားနေတာနဲ့ ၊ နီးစပ်ရာသက်ဆိုင်ဌာနတွေ အကြောင်းကြားလိုက်တာနဲ့ ချက်ချင်းဖယ်ရှားလုပ်ဆောင်ပေးပါတယ်။ တောင်ပြိုနေတဲ့နေရာတိုင်းကို စက်ယန္တရားကြီးတွေနဲ့ ဆောင်ရွက်ပေးပါတယ်"ဟု ကလေးနှင့်ချင်းတောင်ပေါ်သို့ ပြေးဆွဲနေသည့် ကုန်တင်ယာဉ်မောင်း ဒါနှုန်းက ပြောသည်။

ကလေးနှင့်ချင်းပြည်နယ် ကားလမ်းသည် နှစ်စဉ်မိုးရာသီကာလရောက်ချိန်တွင် တောင်ပြို၍ ကားလမ်း ပိတ်ဆို့ မှုများ မကြာခဏ ဖြစ်ပွားနေပြီး အချို့သောနေရာများတွင် နွံများဗွက်ထ၍ လမ်းပိတ်နေကြောင်း သိရသည်။

လက်ရှိအချိန်ထိ ချင်းပြည်နယ်သည် လမ်းပိုင်းများ ကောင်းလာသော်လည်း တောင်ပြိုလေ့ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသောကြောင့် ဒေသခံများသည် စားသောက်ကုန်များကို ဈေးကြီးပေး၍ ဝယ်ယူနေရကြောင်း သိရသည်။

လတ်တလောသတင်းများအရ ကနဦးတင်ပြပေးပို့ထားခြင်းဖြစ်ပြီး အသေးစိတ်ကို မဇ္ဈိမမှ ဆက်လက်ထုတ်ပြန်ပေးမည်ဖြစ်သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required