ဗီယက်နမ်၌ ရေကြီး၍ လူ ၁၀ ဦးသေဆုံး

ဗီယက်နမ်၌ ရေကြီး၍ လူ ၁၀ ဦးသေဆုံး
အခုလက်ရှိအချိန်မှာတော့ ဗီယက်နမ်နိုင်ငံမြို့တော် Hanoi မြို့အပါအဝင် တခြားမြို့တွေမှာ ရေကြီးရေလျှံမှု၊ မြေပြိုမှုများဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

 

ဇူလိုင် ၂၁ ။         ။ ဗီယက်နမ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုများဖြစ်ပွားပြီး လူ ၁၀ ယောက်သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တိုင်ဖွန် Son Tinh ဟာ ဗီယက်နမ်ကို ဝင်ရောက်တိုက်ခတ်မယ်လို့ ၂၀၁၈ နှစ်ဆန်းကတည်းက မှန်းဆထားပြီးသားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးညမှာတော့ Thanh Hoa နဲ့ Nghe An ဒေသတစ်ဝိုက်မှာ မြေပြိုခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိအချိန်မှာတော့ ဗီယက်နမ်နိုင်ငံမြို့တော် Hanoi မြို့အပါအဝင် တခြားမြို့တွေမှာ ရေကြီးရေလျှံမှု၊ မြေပြိုမှုများဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် လူ ၁၀ ယောက်သေဆုံးကြောင်း အတည်ပြုထားပြီး Yen Bai နဲ့ Thanh Hoa တောင်ကုန်းဒေသတွေမှာတော့ လူ ၁၁ ယောက်ပျောက်ဆုံးနေတာဖြစ်ပါတယ်။

“အိမ်ခြေပေါင်း ၄၀၀၀ ကျော်ပျက်စီးခဲ့သလို လယ်ယာဧကပေါင်းမြောက်မြားစွာလည်း ပျက်စီးကုန်ပြီ။ ထပ်ရွာမယ့် မိုးကိုစောင့်ရုံပဲရှိတယ်။”လို့ အာဏာပိုင်တွေကဆက်ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required