မစ်ဆိုရီပြည်နယ်ရှိ ကန်တစ်ကန်၌ ရေယာဉ်တိမ်းမှောက်ရာ သေဆုံးသူ ၁၇ ဦးတွင် ၉ ဦးမှာ မိသားစုဝင်များဖြစ်

မစ်ဆိုရီပြည်နယ်ရှိ ကန်တစ်ကန်၌ ရေယာဉ်တိမ်းမှောက်ရာ သေဆုံးသူ ၁၇ ဦးတွင် ၉ ဦးမှာ မိသားစုဝင်များဖြစ်

 

ဇူလိုင် ၂၁ ။        ။ အမေရိကန်ပြည်ထောင်စု မစ်ဆိုရီပြည်နယ်ရှိ ရေကန်တစ်ခုမှာ ရေယာဉ်တိမ်းမှောက်မှုကြောင့် ၁၇ ယောက်သေဆုံးသွားခဲ့ပြီး ၉ ယောက်ဟာ မိသားစုဝင်တွေဖြစ်တယ်လို့ ကျန်ရှိနေတဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ကြာသာပတေးည၊ Branson မြို့အနီးရှိ Table Rock ကန်မှာ ရေယာဉ်စီးနေချိန်မှာ  မုန်တိုင်းမိလို့ တိမ်းမှောက်သွားရတာဖြစ်ပါတယ်။

“ကျွန်မစိတ်တွေအရမ်းလေးလံနေတယ်။ ကျွန်မတို့မိသားစု ၁၁ ယောက်ထဲမှာ ကျွန်မနဲ့ တူလေးပဲကျန်တော့တယ်။ ကျွန်မရဲ့ခင်ပွန်း၊ ကလေးတွေ၊ ယောက္ခမတွေကိုဆုံးရှုံးလိုက်ရပြီ”လို့ Tia Coleman က ဆေးရုံခုတင်မှာ လဲလျောင်းရင်း တုန်တုန်ယင်ယင်နဲ့ပြောရှာပါတယ်။

“ရေယာဉ်ကပ္ပတိန်က ကျွန်မတို့ကို အသက်ကယ်အင်္ကျီဝတ်စရာမလိုဘူးလို့ပြောပါတယ်။”လို့ Coleman ကဆက်ပြောပါတယ်။

ခရီးသည် ၃၁ ဦးစီးနင်းလိုက်ပါလာတဲ့ ရေယာဉ်ဟာ မြေပေါ်မှာလည်း မောင်းနိုင်သလို ရေထဲမှာလည်း မြုပ်ဖို့ခက်တဲ့ ရေယာဉ်ဖြစ်တယ်လို့ ရဲအရာရှိကပြောပါတယ်။

လေပြင်းမုန်တိုင်းကို အံတုရင်း ကမ်းကပ်ဖို့ ကြိုးစားပေမယ့် လှိုင်းဒဏ်ကြောင့် မြုပ်ခဲ့ရတာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required