မက္ကဆီကိုမြို့ပြင် အဝေးပြေးလမ်းမ၌ ကားမတော်တဆတိုက်၍ ၁၃ ဦးသေဆုံး

မက္ကဆီကိုမြို့ပြင် အဝေးပြေးလမ်းမ၌ ကားမတော်တဆတိုက်၍ ၁၃ ဦးသေဆုံး

 

ဇူလိုင် ၂၁ ။          ။ ပြီးခဲ့တဲ့သောကြာနေ့က မက္ကဆီကိုမြို့ပြင် အဝေးပြေးလမ်းမပေါ်မှာ ဗင်န်ကားနဲ့ ထရပ်ကားတစ်စီးတိုက်မှု ကြောင့် ၁၃ ဦးသေဆုံးခဲ့ရပြီး အများစုဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Mexico မြို့နဲ့ Pachuca မြို့ အဝေးပြေးလမ်းမ၊ Ecatepec မြို့အရှေ့မြောက်ဘက် မိုင် ၆၀ အကွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

၎င်းအဝေးပြေးလမ်းမကြီးဟာ ကုန်တင်ကားတွေနဲ့ အမြဲပြည့်နေတဲ့ လမ်းမဖြစ်ပါတယ်။

“အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၃ ယောက်သေဆုံးသွားပါပြီ။ ၁၂ ယောက်ကပွဲချင်းပြီးဆုံးတာ၊ ကျန်တဲ့အမျိုးသမီးကတော့ ဆေးရုံရောက်တာနဲ့ဆုံးသွားတာပါ။”လို့ နယ်မြေလုံခြုံရေးတာဝန်ခံ Edgar Vargas ကပြောပါတယ်။

“အော်သံတွေကိုကြားလိုက်ရပါတယ်။ ဒဏ်ရာရသွားလို့ ကယ်ထုတ်ဖို့ ခေါ်နေတာလို့ ထင်လိုက်တာပေါ့။ ဒါပေမယ့် လမ်းမမှာ ကာထားတဲ့နံရံကြောင့် ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။”လို့ မျက်မြင်သက်သေဖြစ်သူ Mario Ramirez ကပြောပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required