ရွေးကောက်ပွဲအတွက် မဲပေးနေကြသည့် ပါကစ္စတန်လူငယ်များ

ရွေးကောက်ပွဲအတွက် မဲပေးနေကြသည့် ပါကစ္စတန်လူငယ်များ

ဇူလိုင် ၂၁ ။       ။ ဖုန်းကိုယ်စီကိုင်ဆောင်ထားကြတဲ့ ပါကစ္စတန်လူငယ်တွေဟာ ၎င်းတို့မဲပေးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ လက်ရှိလုပ်ဆောင်ချက်တွေကို လိုက်လံမေးမြန်းနေတာဖြစ်ပါတယ်။

ဇူလိုင်လ ၂၅ ရက်မှာ စတင်မယ့် ရွေးကောက်ပွဲကြီးမှာ အသက် ၃၅ နှစ်အောက် ပါကစ္စတန်လူငယ်တွေ တရားဝင်မဲပေးခွင့်ရတဲ့အတွက် ဝမ်းသာအားရဖြစ်နေကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

နိုင်ငံရေးခေါင်းဆောင် Sikandar Hayat Khan Bosan ရဲ့လုပ်ဆောင်ချက်တွေကို လူငယ်လေးတွေက လိုက်မေးထားပြီး ဗီဒီယိုရိုက်ထားရာ ၎င်းဗီဒီယိုကိုကြည့်ရှုသူများပြားခဲ့တယ်လို့ သိရပါတယ်။

သို့ပေမယ့် ပါကစ္စတန်မှာ ပြုပြင်ပြောင်းလဲဖို့လိုအပ်တဲ့ ကဏ္ဍတွေ တော်တော်များများရှိတဲ့အပြင် ဘာသာရေး၊ ယဉ်ကျေးမှုကိစ္စတွေပါ ပါဝင်နေတဲ့အတွက် ဘယ်သူကမဲပိုရတယ်ဆိုတာ မသိနိုင်သေးပါဘူး။

“ဒီတစ်သက်မှာ ဒီတစ်ခါပဲမဲပေးဖူးတာပါ။ ဒီပြောင်းလဲမှုဖြစ်စဉ်မှာ မဲတစ်မဲထည့်ခွင့်ရလို့ ကျေနပ်ပါတယ်။”လို့ အသက် ၂၃ နှစ်အရွယ် Rafey Khan Jaboon ကပြောပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required