ရွှေ့လျားမှုများနှင့် ကဗျာစပ်ဆိုထားသည့် နေရာ

ရွှေ့လျားမှုများနှင့် ကဗျာစပ်ဆိုထားသည့် နေရာ

 

ဇူလိုင် ၂၁ ။          ။ သတ္တုရိုင်းတွေနဲ့ ထူးဆန်းတဲ့ပစ္စည်းလေးတွေ တီထွင်တတ်ပြီး Scrap Metal Poet လို့အမည်တွင်တဲ့ လူတစ်ယောက်ရဲ့ သာယာလှပတဲ့ ကမ္ဘာငယ်လေးကို ပြင်သစ်နိုင်ငံ အနောက်မြောက်ဘက်ခြမ်းတစ်နေရာမှာ တွေ့နိုင်ပါတယ်။

“ဒီနေရာလေးကို ကျွန်တော့်စိတ်ကူးထဲကအတိုင်း တီထွင်ဖန်တီးထားတာပါ။”လို့ Robert Coudray ကပြောပါတယ်။ သူ့စိတ်ကူးအတိုင်း ပုံဖော်လာတာ နှစ် ၃၀ နီးပါးရှိပြီလို့သိရပါတယ်။

Lizio ရွာထဲမှာ တည်ဆောက်ထားပြီး တာဝါ ၁၅ ခုပါဝင်တဲ့အပြင် စီးဆင်းနေတဲ့ရေကန်၊ အသံမြည်နေတဲ့ခေါင်းလောင်းတွေ၊ တခြားအသစ်အဆန်းလေးတွေကိုပါ တီထွင်ထားတယ်လို့ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ Coudray ကဆက်ပြောပါတယ်။

“ကျွန်တော်ဖြစ်ချင်တဲ့အတိုင်းလုပ်နေတာ၊ အဲလိုဖြစ်လာအောင် နောက် ၁၅ နှစ်၊ အနှစ် ၂၀ လောက် အချိန်ထပ်ယူရမယ်”လို့ ၎င်းကဆက်ပြောပါတယ်။

ရွှေ့လျားသွားလာနိုင်တဲ့ ရုပ်တုတွေ၊ ရေပန်းတွေကိုပါ တီထွင်သွားမယ်လို့ သိရပါတယ်။ သတ္တုနဲ့ သစ်သားတွေကို အဓိကထားပြီး ပစ္စည်းတွေကို ဖန်တီးထားတာဖြစ်ပါတယ်။

Coudray ရဲ့ကမ္ဘာငယ်လေးကို နှစ်စဉ် လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်ပေါင်း ၃၅၀၀၀ ဝန်းကျင်ရှိပြီး လူငယ်တွေ၊ ငယ်ဘဝကို တမ်းတတဲ့သူတွေ ပိုပြီးသဘောကျနှစ်သက်တဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly