ပြည်တွင်း FMI ​လေ​ကြောင်​းလိုင်း ယာယီရပ်​ဆိုင်းဟု ကြေညာ

ပြည်တွင်း FMI ​လေ​ကြောင်​းလိုင်း ယာယီရပ်​ဆိုင်းဟု ကြေညာ
ဓာတ်ပုံ-FMI AIR

ရန်ကုန်၊ ဇူလိုင် ၂၁ ။                    ။ ပြည်တွင်းခရီးစဉ် ပြေးဆွဲမှုများနှင့် လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုများကို လုပ်ကိုင်လျှက်ရှိသည့် FMI လေကြောင်းလိုင်းသည် လေကြောင်းလိုင်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၀ရက်နေ့၌ ကြေညာသည်။

FMI လေကြောင်းလိုင်းယာယီရပ်ဆိုင်းမှုကြောင့် ဝန်ထမ်းပေါင်း ၁၃၄ ဦးသည် အလုပ်မှ ရပ်နားရမည်ဖြစ်ပြီး ဝန်ထမ်းများကို လုပ်ငန်းစုအတွင်း အခြားဌာနများသို့ ပြောင်းရွှေ့ပေးသွားရန်နှင့် အလုပ်သမားဥပဒေနှင့်အညီ ကြိုတင်အသိပေးမှု၊ လျော်ကြေးပေးအပ်မှုများ ဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၂၀ရက်နေ့ FMI ၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

"မြန်မာ့လေကြောင်းလိုင်းကဏ္ဍတွင် စီးပွားရေးစိန်ခေါ်မှုများစွာရှိနေပြီး အဖန်ဖန် ဆင်ခြင်သုံးသပ်မှုများ ပြုလုပ်ပြီးနောက်တွင် ကျွန်တော တို့သည်FMI လေကြောင်းလိုင်း၏ အကျိုးစီးပွားကိုရှေးရှု၍ လုပ်ငန်းလည်ပတ်မှုများကို ခေတ္တရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်" ဟု FMI လေကြောင်းလိုင်း၏ ဥက္ကဋ္ဌ ဦးသိမ်းေ၀ (ခေါ်) Mr. Serge Pun က ပြောသည်။

လေကြောင်းလိုင်းရပ်ဆိုင်းမှုကြောင့် ဇူလိုင်လ ၂၀ ရက်နေ့နောက်ပိုင်း ကြိုတင်လက်မှတ်ဝယ်ယူ ထားသော ခရီးသည်များကို လေယာဉ်လက်မှတ်ခများ ပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး ဇူလိုင်လ ၂၃ ရက်နေ့နောက်ပိုင်းတွင် လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုကိုလည်း ယာယီရပ်ဆိုင်းသွားမည်ဖြစ်သည်။

FMI လေကြောင်းလိုင်းသည် ၂၀၁၂ ခုနှစ်တွင် လေကြောင်းဝန်ဆောင်မှုလုပ်ငန်းစတင်လုပ်ကိုင်ခဲ့ကာ ရန်ကုန်၊ နေပြည်တော်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် သံတွဲ ခရီးစဉ်များကို ပြေးဆွဲနေသည့် လေကြောင်းလိုင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required