အာစင်ဝင်းဂါးကို နည်းပြခန့်ရန် ဂျပန်ဘောလုံးအဖွဲ့ချုပ် ပစ်မှတ်ထားနေ

အာစင်ဝင်းဂါးကို နည်းပြခန့်ရန် ဂျပန်ဘောလုံးအဖွဲ့ချုပ် ပစ်မှတ်ထားနေ

ဇူလိုင် ၂၀၊ တိုကျို။                             ။ ဂျပန်ဘောလုံးအဖွဲ့ချုပ်သည် ဂျပန်လက်ရွေးစင်ဘောလုံးအသင်းနည်းပြနေရာအတွက် အာစင်ဝင်းဂါးကို နံပါတ်တစ် ပစ်မှတ်ထားနေသည်ဟု ဒေးလီးမေးလ်သတင်းတွင် ဖော်ပြထားသည်။

အာဆင်နယ်နည်းပြဟောင်းသည် ရီးယဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီအသင်းတို့နှင့် သတင်းများထွက်ခဲ့သော်လည်း ရီးယဲလ်သည် လိုပက်တီဂွီကို နည်းပြအဖြစ်ခန့်အပ်ပြီးဖြစ်သကဲ့သို့ ဝင်းဂါးမှာ ပီအက်စ်ဂျီအသင်းတွင် နည်းပြပိုင်းထက် ဒါရိုက်တာတစ်ဦး အဖြစ်သာ တာဝန်ယူချင်ဖွယ်ရှိသည်။

အာစင်ဝင်းဂါးကို တရုတ်ကလပ်များကလည်း စိတ်ဝင်စားနေကြသည်။ ၁၉၉၀ ခုနှစ်များတွင် နာဂိုယာ ဂရမ်းပက်စ် အိတ် အသင်းကိုကိုင်တွယ်ပြီး အောင်မြင်ခဲ့သည့် ဝင်းဂါးကို ယခုအခါ ဂျပန်ကလည်း ၎င်းတို့၏နိုင်ငံသို့ ပြန်လည်ခေါ်ယူချင်နေသည်။

ဝင်းဂါးကို ဂျပန်တွင် လွန်စွာလေးစားကြပြီး ၎င်းကလည်း ယင်းနေရာတွင်ရှိခဲ့စဉ်က လွန်စွာပျော်ရွှင်ခဲ့ကြောင်း အမြဲပြောဆိုလေ့ ရှိသည်။ ယခုအခါတွင် ဂျပန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ဝင်းဂါးကို ဂျပန်လက်ရွေးစင်အသင်းအား တာဝန်ယူစေလို လျှက်ရှိသည်။

ကမ္ဘာ့ဖလားမစမီ ရာထူးမှ ထုတ်ခံရသော ဟာလီဟော့ဇစ်နေရာတွင် ယာယီတာဝန်ယူပြီး ကမ္ဘာ့ဖလားကာလအတွင်း ကိုင်တွယ်ခဲ့သည့် နီရှီနို၏စာချုပ်မှာ ဇူလိုင်လကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly