Vogue Japan မဂ္ဂဇင်း၏ Cover မော်ဒယ်လ် Hailey Baldwin

.

Justin Bieber နဲ့စေ့စပ်ထားတာမကြာသေးတဲ့ Hailey Baldwin ရဲ့အလှကို စက်တင်ဘာလထုတ် Vogue Japan မဂ္ဂဇင်းမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

Burberry အင်္ကျီ၊ ရွှေဝါရောင်ဆံပင်ရှည်လေးနဲ့ လှပနေတဲ့ Hailey Baldwin ဟာ Fendi၊ Dolce & Gabbana ၀တ်စုံတို့ကိုပါဝတ်ဆင်ပြီး မဂ္ဂဇင်းအတွက် Cover Shooting ရိုက်ပေးခဲ့တာဖြစ်ပါတယ်။

Cover Shooting ရိုက်ပြီးမှ Justin Bieber နဲ့စေ့စပ်တာဖြစ်တဲ့အတွက် ဓာတ်ပုံတွေထဲမှာတော့ စေ့စပ်လက်စွပ်ကို မြင်ရမှာမဟုတ်ပါဘူး။

Justin နဲ့ Hailey တို့ဟာ ၄င်းတို့ရဲ့မင်္ဂလာပွဲမှာ မိသားစုဝင်တွေနဲ့ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေကိုပဲ ဖိတ်ကြားသွားဖို့စီစဉ်ထားပြီး New York ဒါမှမဟုတ် Los Angeles မှာပြုလုပ်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။

Tags: