ပြင်သစ်နည်းပြအဖြစ် ၂၀၂၀ အထိ ဒက်စ်ချမ့်စ် ဆက်ရှိနေမယ်လို့ အဖွဲ့ချုပ်ဥက္ကဌ အတည်ပြု

ပြင်သစ်နည်းပြအဖြစ် ၂၀၂၀ အထိ ဒက်စ်ချမ့်စ် ဆက်ရှိနေမယ်လို့ အဖွဲ့ချုပ်ဥက္ကဌ အတည်ပြု
(ဓာတ်ပုံ - အီးပီအေ)

ဒက်စ်ချမ့်စ်ဟာ ၎င်းရဲ့ ၂၀၂၀ ခုနှစ်အထိရှိ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ပြင်သစ်နည်းပြအဖြစ် ဆက်လက်ကိုင်တွယ်သွားမှာဖြစ်တယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌက ကြာသပတေးနေ့က အတည်ပြုပြောဆိုခဲ့ပါတယ်။

ဒမ့်စ်ချမ့်စ်ဟာ ပြင်သစ်အသင်းအတွက် ကမ္ဘာ့ဖလားဆု ဆွတ်ခူးပေးခဲ့ပြီးနောက် အသင်းကို ဆက်လက်ကိုင်တွယ်ရန် ရှိ၊ မရှိမေးမြန်းရာမှာ “ဟုတ်ပါတယ်။ သူက ဂျာမနီအသင်းနဲ့ ကစားရမယ့် ပထမဆုံးပွဲအထိ နည်းပြအဖြစ် ရှိနေပါလိမ့်မယ်။”လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ Noel Le Graet က ၂၀၂၀ ဥရောပဖလားပြိုင်ပွဲကို ညွှန်းဆိုပြီး ပြောဆိုသွားတာဖြစ်ပါတယ်။

“ကျနော်တို့ ၂၀၂၀ အထိ သက်တမ်းစာချုပ်ရှိပါတယ်။ အဲဒီအချိန်ထိ သူ့ရဲ့ ရာထူးနေရာမှာ ရှိနေမှာပါ။ အခုတော့ သူဟာ ကမ္ဘာ့ဖလားဆုကို ဆွတ်ခူးခဲ့ပါတယ်။ သူက အလုပ်ကြိုးစားသူပါ။ ကြိုးစားအားထုတ်မှု မရှိပဲ ကျနော်တို့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။”လို့ သူက ထည့်သွင်းပြောခဲ့ပါတယ်။

အဖွဲ့ချုပ်ဥက္ကဌက ပြင်သစ်ကစားသမားဟောင်း ဇီဒန်းအနေနဲ့ နည်းပြတစ်ဦးအဖြစ် အသင်းဆီ ပါဝင်ပူးပေါင်းမယ်ဆိုတာကိုတော့ အတည်မပြုခဲ့သလို ဇီဒန်းကလည်း နည်းပြရာထူးနေရာနဲ့ပတ်သက်လို့ မည်သည့် စိတ်ဝင်စားမှုကိုမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသေးဘူးလို့ ဥက္ကဌက ပြောပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required