နယူးယောက်မှာ ရေနွေးငွေ့ပိုက်လိုင်း ပေါက်ကွဲရာ လူများ ရွှေ့ပြောင်းရသလို ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွား

နယူးယောက်မှာ ရေနွေးငွေ့ပိုက်လိုင်း ပေါက်ကွဲရာ လူများ ရွှေ့ပြောင်းရသလို ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွား

နယူးယောက်၊ ဇူလိုင် ၂၀ ။                      ။ အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်မှာ ရေနွေးငွေ့ပိုက်လိုင်းတစ်လိုင်း ပေါက်ကွဲမှုဖြစ်တာကြောင့် အဆောက်အအုံပေါင်း ၂၈ လုံးက နေထိုင်သူတွေကို   ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရသလို အကြီးစားး ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်ပွားခဲ့ပါတယ်။

မန်ဟတ်တန်ခရိုင်အတွင်း မနေ့က ဖြစ်ပွားခဲ့တဲ့ ဒီရေနွေးငွေ့ပိုက်လိုင်း ပေါက်ကွဲမှုမှာ အနည်းငယ် ထိခိုက်ဒဏ်ရာရသူ ငါးဦး ရှိတယ်လို့ နယူးယောက်မီးသတ်ဌာနက တွစ်တာမှာ ရေးသားပါတယ်။

ပေါက်ကွဲမှုကြောင့် ရေနွေးငွေ့တွေ ကောင်းကင်ကို ပန်းထွက်လွင့်တက်နေတာကိုလည်း မြင်တွေ့ရပါတယ်။

မတ်ဒီဆန်ဥယျာဉ်ရင်မြင်နားမှာ ရေနွေးငွေ့ပိုက်လိုင်း ပေါက်ကွဲကြောင်း နံနက် ခြောက်နာရီခွဲခန့်မှာ သတင်းအကြောင်းကြားတာ ရရှိခဲ့တာဖြစ်တယ်လို့ မီးသတ်ဌာနက ဆိုပါတယ်။

တစ်နာရီအကြာမှာတော့ ဒီပေါက်ကွဲမှုဖြစ်ရာကို မီးသတ်ကား အစီး ၂၅ စီးနဲ့ မီးသတ်အင်အား ၁၀၀ ကျော်နဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေပါ ရောက်ရှိနေပြီး ကူညီဆောင်ရွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံးတွစ်တာရေးသားဖော်ပြချက်မှာ မီးသတ်ဌာန ကောက်မရှင်နာမင်းကြီး ဒန်နီယယ်နီဂရိုက ဖြစ်ပွားရာနေရာက ဘယ်သူမဆို ညစ်ညမ်းအဆိပ်အတောက်ဖြစ်မှု ခံစားရတယ်ဆိုတာနဲ့ လှမ်းအကြောင်းကြားနိုင်ပါကြောင်း ရေးသားဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required