ဂိုးသမား အယ်လီဆင်ကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးလ်အသင်း ခေါ်ယူ

ဂိုးသမား အယ်လီဆင်ကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးလ်အသင်း ခေါ်ယူ
(ဓာတ်ပုံ - Liverpool)

လီဗာပူးလ်အသင်းက ရိုးမားအသင်းမှ ဘရာဇီးဂိုးသမား အယ်လီဆင်ဘက်ကာကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင် ၆၇ သန်း (ဒေါ်လာ ၈၇.၂ သန်း)ဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့တယ်လို့ ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိ ဂိုးသမားဟာ ဆေးစစ်မှုခံယူပြီးနောက် လီဗာပူးလ်အသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ အသင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြထားပါတယ်။

အယ်လီဆင်ဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းအတွက် ပွဲပေါင်း ၄၉ ပွဲကစားခဲ့ပြီး အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်အဆင့်ထိ ရောက်ရှိအောင် ကူညီခဲ့ပါတယ်။ ရိုးမားအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ လီဗာပူးလ်ကို နှစ်ကျော့ပေါင်း ၇-၆ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဘရာဇီးဂိုးသမားဟာ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် (၅)ပွဲလုံး ပါဝင်ကစားခဲ့ပါပြီး ဘရာဇီးအသင်းက ကွာတားဖိုင်နယ်အဆင့်မှာ ဘယ်လ်ဂျီယံကို ၂-၁ ဂိုးနဲပ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂိုးသမား ကေးရီးယက်စ်ရဲ့ အမှားကြောင့် လီဗာပူးလ်တို့ ရီးယဲလ်အသင်းကို (၂)ဂိုး ပေးခဲ့ရပြီး ပွဲအပြီးမှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ်ခဲ့ရပါတယ်။ ဒါ့ကြောင့် အသင်းရဲ့ အနေအထားတိုးတက်လာဖို့ ဖြည့်ဆည်းရမယ့်နေရာအတွက် လက်ရှိဂိုးသမားနေရာမှာ အယ်လစ်ဆင်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အယ်လီဆင်ရဲ့ ပြောင်းရွှေ့ကြေးမှာ ပြီးခဲ့တဲ့ရာသီက ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အက်ဒါဆင်ရဲ့ ပြောင်းရွှေ့ကြေးထက် များစွာသာလွန်နေပါတယ်။ အသက် ၂၅ နှစ်အရွယ် အက်ဒါဆင်ကို မန်စီးတီးအသင်းခေါ်ယူစဉ်က ပေါင် ၃၅ သန်းပေးခဲ့ရပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမားများ

အမည်                  မှ                           သို့                ဈေးနှုန်း
အယ်လီဆင်    ရိုးမား                       လီဗာပူးလ်       ပေါင် ၆၇ သန်း
အက်ဒါဆင်     ဘင်ဖီကာ                  မန်စီးတီး         ပေါင် ၃၅ သန်း
ဘူဖွန်             ပါးမား                      ဂျူဗင်တပ်        ပေါင် ၃၃ သန်း
ပစ်ခ်ဖို့ဒ်          ဆန်းဒါးလန်း               အဲဗာတန်        ပေါင် ၂၅ သန်း
လီနို               လေဗာကူဆင်             အာဆင်နယ်     ပေါင် သန်း ၂၀
ဒီဂီယာ           အက်သလက်တီကို       မန်ယူ             ပေါင် ၁၈ ဒသမ ၃ သန်း

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags