တရားမဝင် လိပ်သယ်ဆောင်သူများကို ဖမ်းဆီး

တရားမဝင် လိပ်သယ်ဆောင်သူများကို ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင်လ ၁၉ ။            ။ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့မှ သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေးစခန်းတွင် ရှာဖွေစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဆာလာအိတ်ဖြင့် တရားမဝင် သယ်ဆောင်လာသော ကုန်းလိပ်၊ ရေလိပ်များဖမ်းမိခဲ့ကြောင်းသိရသည်။

လိပ်များကို သယ်ဆောင်လာသူများမှာ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ကျေးရွာနေ အသက် ၃၆ နှစ်အရွယ် ဆွေလင်းဆိုသူနှင့် တစ်ရွာတည်းနေ အသက် ၃၈ နှစ်အရွယ် သန့်ဇင်ဌေးတို့ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ပူးပေါင်းအဖွဲ့မှ ဆွေလင်းဆိုသူ မောင်းနှင်လာပြီး သန့်ဇင်ဌေးဆိုသူ ယာဉ်နောက်လိုက်အဖြစ်လိုက်ပါလာသည့် ဖြူ/ပြာရောင် Express ယာဉ်အား ဇူလိုင်လ ၁၈ ရက်၊နံနက် ၁ဝ နာရီခန့်တွင် ရပ်တန့်စစ်ဆေးရာ ယာဉ်နောက် ခန်းတွင် ဆာလာအိတ်ဖြင့် ထည့်လာသည့် လိပ်များကို ရှာဖွေဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်းလိပ်၊ ရေလိပ် စုစုပေါင်း ၉၅ ကောင်၊ တန်ဘိုး ကျပ်သိန်း ၄ဝ ကျော်(၄,၀၉၅,ဝဝဝ)ကျပ်အား တွေ့ရှိသိမ်း ဆည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးအား သိန်းနီမြို့မရဲစခန်းတွင် (ပ)၁၄၈/၂ဝ၁၈၊ ဇီဝမျိုးစုံကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄ဝ(က)/၄၄ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly