လှေပေါ်တင်ဆောင်လာသော ဘီယာ၊ စီးကရက်၊နှင့် စားသောက်ကုန်များ ပိုင်ရှင်မဲ့ဖမ်းမိ

လှေပေါ်တင်ဆောင်လာသော ဘီယာ၊ စီးကရက်၊နှင့် စားသောက်ကုန်များ ပိုင်ရှင်မဲ့ဖမ်းမိ

ရန်ကုန်၊ ဇူလိုင်လ ၁၉ ။          ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်လှေကားဆိပ်ကမ်းရှိ လှေတစ်စီးပေါ်မှ ဘီယာ၊ စီးကရက်နှင့် စားသောက်ကုန်များအား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မောင်တောမြို့နယ် ရှေ့တန်းအမှတ်(၄) နယ်ခြားစောင့်တပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက ဇူလိုင်လ ၁၈ ရက်၊ ည ၁ဝ နာရီခွဲခန့်အချိန်တွင် လှည့်ကင်းဆောင်ရွက်စဉ် အဆိုပါ ဆိပ်ကမ်းမှ လှေတစ်စီးအား စစ်ဆေးရာမှ ပိုင်ရှင်မဲ့ ဘီယာ၊ စီးကရက်နှင့် စားသောက်ကုန်များအား သိမ်းဆည်းရမိခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

Adaman Gold တံဆိပ်ပါ ဘီယာ ၁၉၅ ဖာ၊ ဆာလာအိတ်ဖြင့် ထုတ်ထားသော မျှောပိုက် ၁၁ ထုတ်၊ Marble တံဆိပ်ပါ စီးကရက် ၅ ဖာ၊ Premier Gold တံဆိပ်ပါ စီးကရက် ၅ ဖာ၊ Rich တံဆိပ်ပါ ကော်ဖီမစ် အထုပ်ကြီး ၆၀ ထုပ် တို့အား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ပိုင်ရှင်မဲ့တွေ့ရှိခဲ့သည့် ပစ္စည်းများအား ပြင်ဖြူနယ်မြေရုံးသို့ သယ်ယူထိန်းသိမ်းထားရှိမည် ဖြစ်ကြောင်းနှင့် အမှုဖွင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly