ဇူလိုင် ၁၉ ။ ။ ဂျပန်ဘုရင် အကီဟီတို၏ အကြီးဆုံး မြေးမဖြစ်သူ မင်းသမီး မာကို ဟာ ယခုအခါမှာ ဘရာဇီးနိုင်ငံမှာ အလည်အပတ်ခရီး ရောက်ရှိလျက်ရှိပါတယ်။
ဂျပန်ကနေ ဘရာဇီးထံကို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းသွားကြမှုဖြစ်စဉ် နှစ်ပေါင်း ၁၁၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် ယခုလို ဂျပန်မင်းသမီး မာကို ဘရာဇီးကို ရောက်ရှိလာတာဖြစ်ပါတယ်။
ဂျပန် မင်းသမီး မာကိုကတော့ ဘရာဇီးနိုင်ငံ ရီယို ဒီဂျနေးရိုးက အထင်ကရ ခရစ်တော်ရုပ်တု Christ the Redeemer statue ကို သွားရောက်လည်ပတ်ကြည့်ရှုခဲ့ပါတယ်။
ယင်းနောက် ရီယို ရဲ့ ရုက္ခဥယျာဉ် ဆီ သွားရောက်ပြီး ယင်းမှာ ဘရာဇီး အထိမ်းအမှတ် pau brazil သစ်ပင်ကို စိုက်ပျိုးခဲ့ပါတယ်။
လာမယ့် သီတင်းပတ်နှစ်ပတ်မှာတော့ မင်းသမီး မာကိုအနေနဲ့ အခြားသော ဘရာဇီးမြို့ကြီး ၁၃ ခုဆီ သွားရောက်လည်ပတ်ဦးမယ်လို့ သိရပါတယ်။