အမေရိကန်ရွေးကောက်ပွဲတွေမှာ ဘယ်လို စွက်ဖက်နှောင့်ယှက်မှုမျိုးကိုမှ သည်းခံသွားမှာ မဟုတ်ဟု ပူတင်ကို ပြောခဲ့ကြောင်း ဒေါ်နယ်ထရမ့် ထုတ်ဖော်

အမေရိကန်ရွေးကောက်ပွဲတွေမှာ ဘယ်လို စွက်ဖက်နှောင့်ယှက်မှုမျိုးကိုမှ သည်းခံသွားမှာ မဟုတ်ဟု ပူတင်ကို ပြောခဲ့ကြောင်း ဒေါ်နယ်ထရမ့် ထုတ်ဖော်

ဇူလိုင် ၁၉ ။             ။ အမေရိကန် ရွေးကောက်ပွဲတွေမှာ ရုရှားဘက်က နောက်ထပ် စွက်ဖက်နှောင့်ယှက်မှုတွေ လုပ်လာပါက ဝါရှင်တန်အနေဖြင့် လုံ့၀ သည်းခံသွားဖို့ မရှိဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဖင်လန် အစည်းအဝေး၌ ရှင်းရှင်းလင်းလင်း ပြောခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားလိုက်သည်။

“ ကျွန်တော်တို့ နောက်ထပ် ဒါမျိုး ထပ်ဖြစ်လို့ မရဘူးလို့ သူ့ကို ခပ်ရှင်းရှင်းပဲ ပြောခဲ့ပါတယ်၊ ကျွန်တော်တို့ နောက်တစ်ကြိမ် ဒီလိုထပ်ဖြစ်လို့ကို မရပါဘူး” ဆိုပြီး ထရမ့်က CBS နှင့် အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောဆိုသွားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲကာလက ကြုံတွေ့ခဲ့သည့် စွက်ဖက်နှောင့်ယှက်မှုများအတွက် ပူတင်ကို ပုဂ္ဂိုလ်ရေးအရ ထုတ်ဖော်အပြစ်ဖို့မလား မေးမြန်းတဲ့အခါမှာတော့ “ဟုတ်ကဲ့၊ တစ်ဦးချင်းအနေနဲ့ကတော့ သူ့ကို တာဝန်ခံခိုင်းရမှာပါ၊ ဘာလို့လဲဆိုတော့ သူက သူ့နိုင်ငံရဲ့ တာဝန်အရှိဆုံးလူလေ၊ ကျွန်တော့်လိုပဲပေါ့၊ ကျွန်တော်ဆိုလည်း ဒီနိုင်ငံမှာ ဖြစ်သမျှ ကိစ္စတိုင်းအတွက် တာဝန်ရှိတာပဲလေ” ဆိုပြီး ထရမ့်က ပြောသွားပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖင်လန်နိုင်ငံတွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့စဉ် ရွေးကောက်ပွဲ စွက်ဖက်နှောင့်ယှက်မှု ကိစ္စမျိုးကို နောက်တစ်ကြိမ် သည်းမခံမှာမဟုတ်တဲ့အကြောင်းကို ရှင်းလင်းစွာ ပြောခဲ့ပြီး ဖြစ်ကြောင်း ထရမ့်က အခိုင်အမာ ပြောသွားပါတယ်။

အမေရိကန်သမ္မတ ထရမ့်အနေနဲ့ကတော့ ပြီးခဲ့တဲ့ ဟယ်လ်ဆင်ကီ အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲ စွက်ဖက်ခံရမှုကိစ္စ ပူတင်အပေါ် လူသိရှင်ကြား ထိပ်တိုက်အပြစ်ဖို့သွားဖို့ ပျက်ကွက်ခဲ့ခြင်းကြောင့် ဝေဖန်ခံထားခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required