ထိုင်းတောဝက်ကလေးငယ်တွေ ဆေးရုံက ဆင်းလာပြီး မီဒီယာတွေ့ဆုံမှု ပြုလုပ်

ထိုင်းတောဝက်ကလေးငယ်တွေ ဆေးရုံက ဆင်းလာပြီး မီဒီယာတွေ့ဆုံမှု ပြုလုပ်

ဘန်ကောက်၊ ဇူလိုင် ၁၈ ။           ။ ထိုင်းနိုင်ငံမှာ သီတင်းနှစ်ပတ်ကျော်ကြာ ရေလျှံတဲ့ လိုဏ်ဂူထဲ ပိတ်မိနေခဲ့ရာမှ ကယ်ထုတ်ခဲ့ရတဲ့ တောဝက်ဘောလုံးအသင်းက ကလေးငယ်တွေဟာ ဇူလိုင် ၁၈ ရက်မှာ ဆေးရုံက ဆင်းလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မီဒီယာတွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။

ကလေးငယ်တွေဟာ ကျန်းမာရေး ကောင်းပြီး ပျော်ရွှင်ပုံလည်း ရှိပြီး မီဒီယာတွေရှေ့က ထိုင်ခုံတွေမှာ မထိုင်ခင် ဘောလုံးဆော့ကစားကြပါသေးတယ်။

ကလေးငယ်တွေနဲ့ အတူ ဘောလုံးအသင်းနည်းပြဖြစ်သူတို့ကို လိုဏ်ဂူထဲ ပိတ်မိနေခဲ့ကာ ကယ်ထုတ်ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်တဲ့ အဒူဆမ်အွန်က “တကယ် အံ့သြစရာ ကျွန်တော်တို့ကို ကယ်ထုတ်ခဲ့တာပါ။”ဆိုပြီး ဖြေဆိုပါတယ်။

ဒီကလေးငယ်တွေနဲ့ နည်းပြဖြစ်သူတို့ဟာ ဇူလိုင် ၂၃ ရက်က မိုးသည်းထန်လို့ ရေလျှံပြီး လိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်။

ကလေး ၁၂ ဦးနဲ့ နည်းပြတို့အားလုံးကို ဇူလိုင် ၁၀ ရက်နေ့မှ ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံတင်ထား ပြုစုကုသပေးနေခဲ့ရာကနေ ဇူလိုင် ၁၈ ရက် ဒီနေ့မှာ ဆေးရုံက ဆင်းလာခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly