ဧရာဝတီတိုင်းအတွင်း ကျောက်မီးသွေးလျှပ်စစ်စက်ရုံ ဆောက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် တိုင်းလွှတ်တော်တိုက်တွန်း

ဧရာဝတီတိုင်းအတွင်း ကျောက်မီးသွေးလျှပ်စစ်စက်ရုံ ဆောက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် တိုင်းလွှတ်တော်တိုက်တွန်း

ပုသိမ်၊ စက်တင်ဘာ ၃ ။        ။ ဧရာဝတီတိုင်း ပထမအကြိမ် လွှတ်တော် ၁၃ကြိမ်မြောက်အစည်းအဝေးကို စက်တင်ဘာ ၃ ရက် ကျင်းပရာ အဆင့်မြင့်သန့်စင်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရာတွင် အစိုးရ၊ ကုမ္ပဏီ၊ ပြည်သူတို့ပူးပေါင်း၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် အဆိုအား ငပုတောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်  ဦအေးကြည်က တင်သွင်းခဲ့သည်။

"ဂျပန်နိုင်ငံ မြို့ကြီးများအနီးတွင် အဆင့်မြင့် သန့်စင်ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေတာ ငြင်းကွယ်လို့ မရနိုင်တဲ့ သဘာဝန်းကျင် မထိခိုက်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေ သည်ကို လေ့လာတွေရှိရပါတယ်"ဟု အဆိုရှင် ငပုတောကိုယ်စားလှယ်ဦးအေးကြည်က ဂျပန်နိုင်ငံလေ့လာခရီးစဉ်တွေ့ရှိချက်အား ထည့်သွင်းဆွေးနွေးခဲ့သည်။

ဦအေးကြည်အဆိုကို ကျုံပျော်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသန်းထွန်းမှ ထောက်ခံဆွေးနွေးခဲ့သည်။

တိုင်း လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစောမြသိန်းကလည်း "စက်ရုံ အလုပ်ရုံတွေတည်ဆောက်ရင် လျှပ်စစ်မီးနဲ့ မလုံလောက်ပါဘူး၊ အဓိက လိုအပ်တာ စွမ်းအင်ဖြစ်ပါတယ် မရှိရင်တည်ဆောက်လိုမရပါဘူး" ဟုဆိုကာ ဦးအေးကြည်၏ အဆိုကို ထောက်ခံခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၁၁နေရာတွင် တည်ဆောက်ရင် ပြည်ထောင်စုအစိုးရမှ စီစဉ်ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးကိုယ်စားလှယ်ဦးအေးကြည်က လွှတ်တော်သို့တင်ပြသည်။ ငပုတောမြို့နယ်၊ ငရုပ်ကောင်းဒေသတွ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ အကောင်အထည်ဖော်ရန်Mitisubishi ကုမ္ပဏီနှင့် အစိုးရတို့ အလွတ်သဘော သဘောတူညီမှုရှိပြီးဖြစ်သော်လည်း သဘောတူလက်မှတ် ရေးထိုးထားခြင်းမရှိကြောင်း မဇ္ဈိမ မေးမြန်းမှုအား တိုင်းဝန်ကြီး ဦးစောမြသိန်းမှဖြေဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly