ယခုလကုန်မှာ ကျင်းပတော့မယ့် အငြင်းပွား ကမ္ဘောဒီးယား ရွေးကောက်ပွဲ

ယခုလကုန်မှာ ကျင်းပတော့မယ့် အငြင်းပွား ကမ္ဘောဒီးယား ရွေးကောက်ပွဲ

ဇူလိုင် ၁၈ ။            ။ ယခုလကုန်ပိုင်းမှာ ကျင်းပသွားတော့မယ့် ကမ္ဘောဒီးယားရွေးကောက်ပွဲအတွက် ယခုဆိုရင် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲအကြို မဲဆွယ်မှုတွေကို စတင်နေပြီ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ နိုင်ငံရဲ့ အဓိက အတိုက်အခံ ပါတီလည်း ဖျက်သိမ်းခံထားရပြီး ယင်းရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေဟာလည်း နိုင်ငံကနေ မဖြစ်မနေ ထွက်ခွာပေးထားရတဲ့အခြေအနေမှာ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်ပဲ ထပ်မံ အနိုင်ရသွားဖို့ ရှိနေတဲ့အတွက် ယင်းရွေးကောက်ပွဲကတော့ အငြင်းပွားစရာ ဖြစ်နေပါတယ်။

ကမ္ဘောဒီးယားမှာ ၃၃ နှစ်ကြာ အုပ်ချုပ်ထားပြီး ဖြစ်တဲ့ လက်ရှိ ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ၎င်းတို့အစိုးရအနေနဲ့ နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့အတူ အဓိကကျတဲ့ အထည်ချုပ် ဝန်ထမ်းတွေကို နှစ်စဉ်နှစ်တိုင်း လစာတွေ တိုးမြှင့်သွားပေးမယ်ဆိုပြီး ၎င်းကို ထောက်ခံသူတွေနဲ့ တွေ့ဆုံစဉ် ထုတ်ဖော်ကတိပြုထားပါတယ်။

" ကျွန်တော်တို့အနေနဲ့ အရမ်းအန္တရာယ်ကြီးတဲ့ အခြေအနေတွေကို ဖြတ်သန်းရင်းနဲ့ နိုင်ငံကို ဦးဆောင်နေခဲ့ရတာပါ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းတွေအပေါ် မလိုလားတဲ့ လူအုပ်စုတစ်ချို့က ဖျက်လိုဖျက်စီးလုပ်ဖို့ ကြိုးစားတာတွေ ရှိခဲ့ပါတယ်" လို့လည်း ဟွန်ဆန်က ပြောပါတယ်။

ဒါ့အပြင် ၎င်းရဲ့ ပါတီသာ နောက်တစ်ကြိမ် နိုင်ခဲ့မယ်ဆိုရင် နိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ လမ်းတွေ၊ ကျောင်းတွေကို ပိုကောင်းအောင် ဆောက်ပေးမှာဖြစ်ပြီး လျှပ်စစ်မီတာခတွေကိုပါ လျော့ကျအောင်လုပ်ပေးမယ်လို့လည်း ကတိပြုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required