အိန္ဒိယမှာ ဆောက်လက်စအဆောက်အအုံ ပြိုကျ၊ လူ ၃ ဦး အနည်းဆုံး သေဆုံး

အိန္ဒိယမှာ ဆောက်လက်စအဆောက်အအုံ ပြိုကျ၊ လူ ၃ ဦး အနည်းဆုံး သေဆုံး

ဇူလိုင် ၁၈ ။             ။ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီအပြင်ဘက် လူနေရပ်ကွက်တစ်ခုမှာ ဆောက်လက်စ အဆောက်အအုံတစ်ခု ပြိုကျသွားခဲ့လို့ လူ သုံးဦး အနည်းဆုံးသေဆုံးပြီး ဒါဇင်နဲ့ချီ ပိတ်မိနေဖွယ် ရှိတယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက အပျက်အစီးတွေကြားကနေ ရုပ်အလောင်း သုံးလောင်းကို ပြန်ဆွဲထုတ်ထားနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။

ယင်း ဖြစ်စဉ်ကတော့ မြို့တော် နယူးဒေလီ အရှေ့ဘက် Greater Noida မြို့သစ်ရှိ ဆိုဒ်တစ်ခုမှာ ဖြစ်ပွားသွားခဲ့တာ ဖြစ်ပါတယ်။

" ခုထက်ထိတော့ ဒီ အပျက်အစီးတွေအောက်မှာ လူဘယ်နှစ်ယောက်လောက် ပိတ်မိနေလဲ ဆိုတာကို ကျွန်တော်တို့ တိတိကျကျ မသိရသေးဘူး၊ ဒါပေမယ့် အနည်းဆုံး လူ ၁၂ ယောက်လောက်တော့ ဒီအောက်မှာ ပိတ်မိနေနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားကြပါတယ်" ဆိုပြီး မီးသတ်အရာရှိချုပ် ခူမာ ဆင်းန်က ပြောသွားပါတယ်။

ယခုအချိန်ထိတော့ ကယ်ဆယ်ရေးလုပ်သား ၁၀၀ ခန့်ဟာ ပြိုကျသွားတဲ့ အဆောက်အအုံ အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းဆောင်ရွက်နေကြလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required