ထိုင်းတောဝက်ဘောလုံးအသင်း ပထမဆုံးအကြိမ်အဖြစ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

ထိုင်းတောဝက်ဘောလုံးအသင်း ပထမဆုံးအကြိမ်အဖြစ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်
(ဓာတ်ပုံ - အီးပီအေ)

ထိုင်းနိုင်ငံ၊ မြောက်ပိုင်း လိုဏ်ဂူတစ်ခုအတွင်း နှစ်ပတ်ကျော်ကြာ ပိတ်မိနေရာမှာ ကယ်ဆယ်နိုင်ခဲ့တဲ့ ကျောင်းသားငယ် ၁၂ ဦးနဲ့ ၎င်းတို့ ဘောလုံးနည်းပြတို့ဟာ ပထမဆုံးအကြိမ်အဖြစ် ယနေ့ (ဗုဒ္ဓဟူးနေ့)မှာ မီဒီယာများနဲ့ တွေ့ဆုံ စကားပြောသွားဖို့ ရှိတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ထိုင်းဒေသစံတော်ချိန် ည ၆း၀၀ နာရီမှာ အင်္ဂလိပ်ဘာသာပြန်ဖြင့် တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရက လူမှုကွန်ရက်မှာ ရေးသား ဖော်ပြထားပါတယ်။

ကမ္ဘာ့တစ်ဝန်းက စိတ်ဝင်စားချင်းခံရတဲ့ တောဝက်ဘောလုံးအသင်းကို လိုဏ်ဂူအတွင်းမှ ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ၎င်းတို့ဟာ ဆေးရုံကနေ ပြန်လည်ကောင်းမွန်လာပြီး ဆေးကုသမှု နဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ခံယူနေတယ်လို့ သိရပါတယ်။

အသက် ၁၁ နဲ့ ၁၆ နှစ်အရွယ်ကြား ကလေး ၁၂ ယောက်နဲ့ အသက် ၂၅ ရှိ နည်းပြတို့ဟာ ဇွန် ၂၃ ရက်က လေ့ကျင့်ခန်းဆင်းပြီးနောက် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်ခရိုင် မယ်ဆိုင်-ချင်းရိုင်လမ်းမှ တစ်ကီလိုမီတာခန့်အကွာ ပွန်ဖာအရပ်ရှိ သာလောင်ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်မှာ တည်ရှိတဲ့ သမ်လောင်လိုဏ်ဂူထဲ ဝင်ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လိုဏ်ဂူထဲ ရေကြီးရေလျှံပြီး အတွင်းမှာ ပိတ်မိနေခဲ့ပါတယ်။

ဂူဝင်ပေါက်မှ ၄ ကီလိုမီတာ (၂.၄ မိုင်) လူငယ်လေး ၁၂ ဦးနဲ့ နည်းပြတို့ကို ဇူလိုင် ၂ ရက်က မတွေ့ရှိခင်အထိ သူတို့ဟာ ၉ ရက်ကြာအထိ ဘယ်နေရာမှာ ရှိနေမှန်း မသိခဲ့ရပါဘူး။ နောက်ဆုံးမှာတော့ ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ တစ်သုတ်ပြီး တစ်သုတ် ကယ်ထုတ်ခဲ့ပါတယ်။

ထိုင်း Navy SEAL တပ်သားဟောင်းတစ်ဦးဖြစ်တဲ့ အသက် ၃၈ နှစ်ရှိ Samarn Kunan ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း သေဆုံးခဲ့ပါတယ်။ 

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly