X Factor ဒိုင်လူကြီးလုပ်မည့်ကိစ္စနှင့် ပတ်သက်ပြီး ပရိသတ်များဝေဖန်ပြောဆိုမှုအပေါ် Louis Tomlinson ဖြေရှင်း

X Factor ဒိုင်လူကြီးလုပ်မည့်ကိစ္စနှင့် ပတ်သက်ပြီး ပရိသတ်များဝေဖန်ပြောဆိုမှုအပေါ် Louis Tomlinson ဖြေရှင်း

One Direction အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ အဆိုတော် Louis Tomlinson ဟာ ယခုနှစ်ရဲ့ X Factor ပြိုင်ပွဲမှာ Robbie Williams၊ Ayda Field၊ Simon Cowell တို့နဲ့အတူ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အဆိုပါကိစ္စနဲ့ စပ်လျဉ်းပြီး Louis Tomlinson ရဲ့ အသစ်ထွက်မယ့် သီချင်းအယ်လ်ဘမ်ကို အထိခိုက်မခံလိုကြောင်း၊ အကဲဖြတ်ဒိုင်အဖြစ်မဆောင်ရွက်သင့်ကြောင်း ပရိသတ်တွေက ပြောဆိုကြပါတယ်။

"သီချင်းဟာ သူ့ရဲ့ပထမဦးစားပေးဖြစ်တဲ့အတွက် သီချင်းအယ်လ်ဘမ်ကို သတ်မှတ်ထားတဲ့အချိန်အတိုင်း ထုတ်ဝေဖြန့်ချိသွားမှာဖြစ်သလို သီချင်းအယ်လ်ဘမ်အတွက် စိတ်မပူကြဖို့ Louis ကပြောပါတယ်။

 "ကျွန်တော်စိတ်ဝင်စားတဲ့အလုပ်ဖြစ်လို့ X Factor မှာ အကဲဖြတ်ဒိုင်လုပ်ဖြစ်တာပါ။ အကဲဖြတ်ဒိုင်လုပ်ဖို့ စဉ်းစားခဲ့တာကြာပါပြီ။ ဂီတကိုလည်း ဆက်လုပ်သွားမှာပါ။” ဆိုပြီး Louis Tomlinson က ပရိသတ်တွေကို ဖြေရှင်းချက်ပေးခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly