ဟာဝိုင်ယီမီးတောင်မှ ချော်ရည်ပေါက်ကွဲလွင့်စင့်မှုကြောင့် စက်လှေပေါ်က လူ ၂၃ ဦး ဒဏ်ရာရ

ဟာဝိုင်ယီမီးတောင်မှ ချော်ရည်ပေါက်ကွဲလွင့်စင့်မှုကြောင့် စက်လှေပေါ်က လူ ၂၃ ဦး ဒဏ်ရာရ

ဟာဝိုင်ယီ၊ ဇူလိုင် ၁၈ ။                      ။ ဟာဝိုင်ယီရှိ ကီလူမီးတောင်မှ လွင့်စင်တဲ့ အပိုင်းအစတွေဟာ နှစ်လတာ ပေါက်ကွဲမှုဖြစ်ပြီး ချော်ရည်တျွှေွ စိမ့်ထွက်နေတဲ့ မီးတောင်ကို လာရောက်ကြည့်ရှုတဲ့ ကမ္ဘာ့လှည့်ခရီးသွား စက်လှေကို ထိမှန်ပြီး လူ ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း မီးသတ်ဌာနက ပြောပါတယ်။

ဒီလို ချော်ရည်ချော်ခဲတွေ လွင့်စင်ထိမှန်လို့ ကျွန်းဆီ ပြန်လာတဲ့ ဒီစက်လှေပေါ်က ဒဏ်ရာရသူတွေမှာ ၁၃ ဦးကိုတော့ ဆေးရုံတင်ပို့ခဲ့ရပြီး ကျန်သူတွေကို ဆိပ်ကမ်းမှာပဲ ပြုစုကုသပေးခဲ့ရပါတယ်။

ချော်ရည်တွေဟာ ပစိဖိတ်သမုဒ္ဒရာထဲ စီးဆင်းနေတဲ့ မြင်ကွင်းဟာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ရပ်ဖြစ်တာကြောင့် ခုလို လာရောက်ကြည့်ရှုကြတာလည်း ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေမှာ အမျိုးသမီးတစ်ဦးကတော့ အတော်လေး ပြင်းထန်တယ်လို့ သိရပြီး ပေါင်တွင်းရိုးကျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီ စက်လှေပေါ် လူဘယ်နှဦး တင်ဆောင်ခဲ့တာ မသိရသေးကြောင်း ဟာဝိုင်ယီစီရင်စု မီးသတ်ဌာနက ပြောပါတယ်။

ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ဖြစ်ပွားတဲ့ ဒီဖြစ်စဉ်မှာ ပေါက်ကွဲလွင့်စင်တဲ့ အရှိန်ကြောင့် ချော်ခဲတွေ စက်လှေကို ထိမှန်ရာမှာ စက်လှေအမိုး ပေါက်ပြဲသွားခဲ့ပါတယ်။

အဆိုပါ မီးတောင်ဟာ မေ ၃ ရက်က စတင်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ချော်ရည်ချော်ခဲတွေ လက်ရှိအထိ စီးထွက်နေတာပဲ ဖြစ်ပါတယ်။ ဒီမီးတောင်ပေါက်ကွဲမှုအတွင်းမှာ အိမ်ခြေရာပေါင်းများစွာ ပျက်စီးမှုလည်း ဖြစ်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required