အလက်စကား ကမ်းရိုးတန်းအလွန်တွင် တရုတ်သင်္ဘော ငါးစင်းတွေ့ဟု ပင်တဂွန်ပြောကြား

အလက်စကား ကမ်းရိုးတန်းအလွန်တွင် တရုတ်သင်္ဘော ငါးစင်းတွေ့ဟု ပင်တဂွန်ပြောကြား

ဂျူနို၊ စက်တင်ဘာ ၃ ။           ။ တရုတ်ရေတပ်သင်္ဘော ငါးစင်းသည် ယခုအချိန်တွင် အလက်စကားပြည်နယ် ကမ်းရိုးတန်းအလွန် ဘာရင်းပင်လယ်တွင် ရှိနေသည်ဟု အမေရိကန် အရာရှိများက အတည်ပြုပြောကြားသည်။ အဆိုပါဧရိယာတွင် တရုတ်စစ်သင်္ဘောများ လှည့်လည်မှုကို ပထမဆုံးတွေ့မြင်ရခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။

သင်္ဘောများ၏ လှုပ်ရှားမှုကို စောင့်ကြည်နေသည်ဟု အရာရှိများက ပြောသည်။ သို့သော်လည်း ၎င်းသင်္ဘောများမှာ နိုင်ငံတကာရေပိုင်နက်တွင်သာ မောင်းနှင်နေခြင်းဖြစ်သည်ဟုလည်း အရာရှိများက ဆိုသည်။ မကြာသေးမီနှစ်များအတွင်း ပေကျင်းသည် ဂျပန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ဖြစ်ပွားနေသော ပင်လယ်ရေပိုင်နက်အငြင်းပွားမှုတွင် ပိုမိုသဘောထားတင်းမာလာသည်။

တရုတ်တိုက်သင်္ဘောသုံးစင်း၊ ထောက်ပို့သင်္ဘောတစ်စင်းနှင့် ကုန်ရေနှစ်သွယ်သွားသင်္ဘောတစ်စင်းတို့ကို အမေရိကန်ကာကွယ်ရေးအရာရှိများက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းသင်္ဘောများသည် အမေရိကန်နှင့် ရုရှားထိန်းချုပ်ရာ နယ်နှစ်ခုကို ခွဲခြားထားသည့် အလူရှန်ကျွန်းများဆီသို့ ဦးတည်နေသည်ဟု ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။

ယင်းသင်္ဘောများက အိုဘားမား ရောက်ရှိနေသည့် အလက်စကာနှင့် များစွာမဝေးလှဘဲ အိုဘားမားက ရာသီဥတုပြောင်းလဲမှုလှုံဆော်ရေးအတွက် ပြည်နယ်သို့ သုံးရက်ကြာခရီးစဉ်ဖြင့် ရောက်ရှိနေသည်။

ဘာရင်းပင်လယ်တွင် တရုတ်စစ်သင်္ဘောများကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘီလ်အာဘန်က ဘီဘီစီသို့ စက်တင်ဘာ ၂ကပြောသည်။

နိုင်ငံတကာဥပဒေနှင့်အညီ နိုင်ငံတကာရေပိုင်နက်တွင် စစ်သင်္ဘောများ လွတ်လပ်စွာသွားလာမှုကို လေးစားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required