တရုတ် ခြိမ်းခြောက်မှု တိုးလာစဉ် ထိုင်ဝမ်မှာ Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ စတင်တာဝန်ထမ်း

တရုတ် ခြိမ်းခြောက်မှု တိုးလာစဉ် ထိုင်ဝမ်မှာ Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ စတင်တာဝန်ထမ်း

ဇူလိုင် ၁၇ ။           ။ တရုတ်တို့ဘက်ကနေ စစ်ရေး ပိုမို ခြိမ်းခြောက်လာနေမှုအပေါ် တန်ပြန်နိုင်အောင် ရည်ရွယ်ပြီး ထိုင်ဝမ်အစိုးရက ဇူလိုင် ၁၇ ရက်မှာ အမေရိကန်လုပ် Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ယင်းရဲ့ စစ်တပ်မှာ တရားဝင် စတင်အသုံးပြုစေခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

" တင့်ကား ချေမှုန်းရေးယာဉ်များ" လို့ လူသိများတဲ့ အဆိုပါ Apache AH-64-E တိုက်ခိုက်ရေး ရဟတ်ယာဉ် အစင်း ၃၀ ကို အမေရိကန်တို့က ထိုင်ဝမ်ထံသို့ ရောင်းချပေးထားခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်နဲ့ အမေရိကန်အကြား ယင်း ရဟတ်ယာဉ်ရောင်းချမှု အပါအဝင် ကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ လက်နက်သဘောတူညီချက်တစ်ခုကို ၂၀၀၈ ခုနှစ်က ထုတ်ဖော်ကြေညာခဲ့ရာမှာတော့ ပေကျင်းအစိုးရကို ဒေါသူပုန်ထစေခဲ့ပါတယ်။

တရုတ်တို့ဘက်ကတော့ ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းရမယ့် ယင်းရဲ့ ကိုယ်ပိုင်နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားပြီး လိုအပ်ပါက အင်အားသုံးပြီး ပြန်လည်ပေါင်းစည်းစေဖို့ ကြိုးပမ်းနေခဲ့စဉ်မှာ ယင်းကဲ့သို့ လက်နက် ရောင်းချမှုမျိုးကိုတော့ ကန့်ကွက်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း တရုတ်တို့ဘက်က ထိုင်ဝမ်အပေါ် ဘယ်လိုပုံစံနဲ့ ကျူးကျော်လာသည်ဖြစ်စေ အမေရိကန်ကတော့ အဓိက အတားအဆီးအဖြစ် ရှိနေပါတယ်။

Apache တိုက်ခိုက်ရေးယာဉ်တွေကို တရားဝင် စတင်တာဝန်ပေးတဲ့ အခမ်းအနားကို ထိုင်ဝမ်မှာ ကျင်းပခဲ့ပြီး ယင်း ရဟတ်ယာဉ်စုဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြင့်တက်စေတော့မှာဖြစ်ကြောင်း ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က ပြောကြားသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required