လိင်ပိုင်းဆိုင်ရာ စွပ်စွဲခံရသည့် CEO ဆိုသူအား အဖွဲ့ ကိုယ်စားမပြုရန် တောင်းဆို

လိင်ပိုင်းဆိုင်ရာ စွပ်စွဲခံရသည့် CEO ဆိုသူအား အဖွဲ့ ကိုယ်စားမပြုရန် တောင်းဆို

 

ရန်ကုန် ၊ ဇူလိုင် ၁၇ ။              ။ ပြည်တွင်း NGO တစ်ခုဖြစ်သည့် ဒါနရှေ့ဆောင်မြန်မာ (Charity Oriented Myanmar) အဖွဲ့ CEO ဖြစ်သူက ဝန်ထမ်း အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာထိပါးမှုများရှိသည်ဟု သတင်းများ ထွက်ပေါ်နေပြီးနောက် စွပ်စွဲခံထားရသည့် ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ခြင်း မပြုလုပ်မီ Electoral Reform Coordination (ERCB) အဖွဲ့အား ကိုယ်စားမပြုရန်   ရွေးကောက်ပွဲဆိုင်ရာ   ပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ  တောင်းဆိုလိုက်သည်။

“သူတို့အနေနဲ့ ဒီပြဿနာကို မဟုတ်ဘူးဆိုလည်း သေသေချာချာပွင့်ပွင့်လင်းလင်း ရှင်းပြ။ အဲ့လိုမရှင်းပြမီ စပ်ကြားမှာ ကျွန်တော်တို့က သူ့ကို ERCB အဖွဲ့ကို ကိုယ်စားမပြုဖို့ အလုပ်မလုပ်ဖို့ Pace အဖွဲ့ကိုယ်စားထုတ်တာပါ” ဟု စိုင်းရဲကျော်စွာမြင့်က ဆိုသည်။

ပြည်တွင်း NGO တစ်ခုမှ CEO ဖြစ်သူသည် အမျိုးသမီးဝန်ထမ်းများအား လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားသည်ဟု ပြောဆိုချက်များ ဇူလိုင် ဒုတိယပတ်ခန့်တွင် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာခဲ့ပြီးသည့်နောက်ပိုင်း ယင်း NGO သည် ဒါနရှေ့ဆောင်မြန်မာ အဖွဲ့မှ CEO ဖြစ်သည်ဟုလည်း ပြောဆိုမှုများလည်း ရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒါနရှေ့ဆောင်မြန်မာအဖွဲ့အား ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ယူဖြေကြားမည့် သူတစ်ဦးမှ မရှိကြောင်း ရုံးဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly