ဗျူဟာမြောက် တောင်ပိုင်းဇုန်နယ်မြေက သူပုန်တွေကို ဆီးရီးယားတပ် ထိုးစစ်ဆင်

ဗျူဟာမြောက် တောင်ပိုင်းဇုန်နယ်မြေက သူပုန်တွေကို ဆီးရီးယားတပ် ထိုးစစ်ဆင်

ဒမတ်စကပ်၊ ဇူလိုင် ၁၇ ။           ။ ရုရှနောက်ခံပြုတဲ့ ဆီးရီးယား အစိုးရတပ်တွေဟာ နိုင်ငံရဲ့ ဗျူဟာမြောက် တောင်ပိုင်းဇုန်နယ်မြေက သူပုန်တွေကို ရှင်းထုတ်ရေး ဇူလိုင် ၁၆ ရက်မှာ ထိုးစစ်ဖွင့် ဆင်နွှဲပါတယ်။

ရုရှ ညှိနှိုင်းပေးတဲ့ သူပုန်အုပ်စုတွေ အလျှော့ပေးရေး သဘောတူချက်အတွင်းမှာပဲ အကြီးစား ဗုံးကြဲတာတွေ၊ မြေပြင်ထိုးစစ်တွေနဲ့ ဆီးရီးယားအစိုးရဟာ ဒါရာနဲ့ ကန်နက်ထရာပြည်နယ်တွေ သိမ်းပိုက်နိုင်ရေး တစ်လနီးပါး စစ်ဆင်နေခဲ့တာပါ။

နိုင်ငံတကာက စိတ်ဆိုးအမျက်ထွက်တဲ့ကြားက အစိုးရတပ်တွေဟာ ဂျော်ဒန်နဲ့ အစ္စရေးသိမ်းပိုက်ရာ ဂိုလန်ကုန်မြင့်က ထိလွယ်ရှလွယ်နယ်စပ်အနီးထိ နယ်မြေတွေကို ရှင်းလင်းနေခြင်းလည်း ဖြစ်ပါတယ်။

ဇူလိုင် ၁၆ ရက်မှာ သူပုန်တွေကို အစိုးရတပ်တွေက မြန်မြန်ဆန်ဆန် နောက်ထပ်ထိုးစစ်ဆင်လာတာဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

“ဒါရာပြည်နယ် အနောက်ပိုင်းက မြို့တော်တော်များများကို အစိုးရတပ်တွေ လက်ရလိုက်တယ်။ တစ်ချို့ဧရိယာတွေမှာက ရုရှ စေ့စပ်ပေးတဲ့ နှစ်ဖက်ပြေလည်ရေး သဘောတူညီချက်တွေ ရှိထားတဲ့ကြားက မျက်ကွယ်ပြုပြီး ခုလို ထိုးစစ်ဆင်တာပဲ ဖြစ်တယ်။”ဆိုပြီး စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ရာမီရက်ရှ်မန်းက ပြောပါတယ်။

“ဒီ ထိုးစစ်နဲ့ အစိုးရတပ်တွေဟာ ဒါရာပြည်နယ်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော် လက်ရသိမ်းပိုက်လိုက်နိုင်တယ်။”လို့လည်း ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required