ချယ်လ်ဆီးအသင်းအတွက် ပျော်ရွှင်မှုများ ပြန်လည်ယူဆောင်ပေးမည်ဟု ဆာရီ ပြော

.

ဇူလိုင် ၁၇၊ လန်ဒန်။        ။ ချယ်လ်ဆီးအသင်းအတွက် ပျော်ရွှင်မှုများကို ပြန်လည်ဆောင်ယူပေးမည်ဖြစ်ကြောင်း နည်းပြသစ် မော်ရီဇီယို ဆာရီက ပြောဆိုလိုက်သည်။

စနေနေ့တွင် ချယ်လ်ဆီးနည်းပြဖြစ်လာသည့် အသက် ၅၉ နှစ်အရွယ် ဆာရီက “ကျွန်တော့်ရဲ့ပုံစံအတိုင်း ကိုင်တွယ် သွားချင်ပါတယ်။ ကျွန်တော့်နည်း ကျွန်တော့ဟန်နဲ့ အောင်မြင်မှုတစ်ခုခု ရယူချင်ပါတယ်။

ကစားသမားတွေအနေနဲ့ သူတို့အလုပ်မှာ ပျော်ရွှင်ဖို့လိုပါတယ်။ အရေးအကြီးဆုံးကတော့ အသင်းအပေါ်မှာ ပရိသတ်တွေ စိတ်ကျေနပ်စေဖို့ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် အောင်မြင်မှုတွေ ရယူပေးချင်ပြီး သူတို့ဂုဏ်ယူရတဲ့ အသင်းဖြစ်ချင်ပါတယ်။ ၁၀၀ ရာနှုန်းက အလုပ်ပြင်းပြင်းထန်ထန်ကြိုးစားဖို့ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းက ပျော်ရွှင်စေရဖို့ပါ။

တစ်ခုခုရယူပေးဖို့ ကတိပေးရခက်ပေမယ့် ချယ်လ်ဆီးနဲ့ အောင်မြင်မှုရဖို့အတွက်ကို ကျွန်တော်တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားသွားမယ်ဆိုတာကိုတော့ အာမခံပါတယ်”ဟု ပြောသည်။။

ချယ်လ်ဆီးအသင်းသို့ သုံးနှစ်စာချုပ်ဖြင့် ရောက်ရှိလာသည့် ဆာရီသည် တနင်္လာနေ့ကစတင်ပြီး အသင်းကို စတင်ကိုင်တွယ်နေပြီ ဖြစ်သည်။

Ref; Daily Mail

Tags: