အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ပညာရေးဆုံးခန်းတိုင်သည့် ကလေးငယ်ပေါင်း ၁၃ သန်းကျော်ရှိ

အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ပညာရေးဆုံးခန်းတိုင်သည့် ကလေးငယ်ပေါင်း ၁၃ သန်းကျော်ရှိ

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ပညာရေးဆုံးခန်းတိုင်ခဲ့ရသည့် ကလေးငယ်ပေါင်းမှာ ၁၃ သန်းကျော်ရှိကြောင်း ကုလသမဂ္ဂက ပြောသည်။

အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတို့၏ မျိုးဆက်သစ်များ၏ အခြေအနေမှာ ပြိုလဲသည့် မျိုးဆက်များဖြစ်နေကြောင်း ကုလသမဂ္ဂက ကလေးငယ်များရန်ပုံငွေအဖွဲ့ ယူနီဆက် အစီရင်ခံစာသစ် တွင်ဖော်ပြသည်။

ဆီးရီးယား၊ အီရတ်၊ ယီမင်နှင့် လစ်ဗျားတို့တွင် ကျောင်းပေါင်း ၉၀၀၀ နီးပါးက အသုံးပြု၍ မရတော့ကြောင်း ဖော်ပြသည်။

ထိုပြင် ဒေသတွင် စာသင်ကျောင်းများ၊ ဆရာများ တိုက်ခိုက်ခံရမှုများကို မှတ်တမ်းတွင် ယူနီဆက်က ဖော်ပြထားသည်။

"ပဋိပက္ခအတွင်း ပျက်စီးမှုများက ဒေသအနှံ့က ကလေးငယ်အပေါ် ဆိုးကျိုးများ ကြုံတွေ့စေပါတော့တယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာ သက်သက် ပျက်စီးမှုများ ကြုံတွေ့ခြင်းမဟုတ်ပါ။ ကျောင်းနေအရွယ် မျိုးဆက် များအတွက် မျှော်လင့်ချက်တွေ၊ အနာဂတ်တွေ ပျောက်ဆုံး ဆုံးရှုံးရခြင်းပဲဖြစ်တယ်။"ဟု ယူနီဆက် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသဆိုင်ရာ ဥက္ကဌဖြစ်သူ ပီတာဆာလာမာကပြောသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly