ပြင်သစ်မှာ ကမ္ဘာ့ဖလား အနိုင်ရ ပျော်ပွဲရွှင်ပွဲက ဆူပူမှုအသွင် ကူးပြောင်း

ပြင်သစ်မှာ ကမ္ဘာ့ဖလား အနိုင်ရ ပျော်ပွဲရွှင်ပွဲက ဆူပူမှုအသွင် ကူးပြောင်း

ပါရီ၊ ဇူလိုင် ၁၆ ။              ။ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်တာကို ပရိသတ်ထောင်ပေါင်းများစွာက ပျော်ပွဲရွှင်ပွဲတွေ ဇူလိုင် ၁၅ ရက်က ကျင်းပကြရာမှာ ပါရီက ချမ့်အီလီဆေးရိပ်သာလမ်းမှာဆိုရင် ဆူပူသောင်းကျန်းမှုအသွင် ကူးပြောင်းသွားခဲ့ပါတယ်။

လူငယ် ဒါဇင်များစွာဟာ နာမည်ကြီး စတိုးတစ်ခုရဲ့ မှန်ပြတင်းတွေကို ရိုက်ခွဲကြပြီး ဆူပူသောင်းကျန်းကြပါတယ်။

အများစုက မျက်နှာဖုံးတွေ ဝတ်ထားတဲ့ လူ ၃၀ ခန့်ဟာ စတိုးဆိုင်ထဲ ဖောက်ဝင်ကြပြီးနောက် အရက်ပုလင်းတွေ ယူဆောင်ကာ ထွက်လာကြပါတယ်။ တစ်ချို့ကလည်း ဖုန်းတွေကို ကိုယ်စီဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကြတာဖြစ်ပါတယ်။

မျက်ရည်ယိုဓာတ်ငွေ့သုံး ထိန်းသိမ်းတဲ့ ရဲတပ်ဖွဲ့ကိုလည်း တစ်ချို့က ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြပါတယ်။

“ဒီလို ပျော်ကြဖို့တော့ မကောင်းဘူး။”လို့ ပြင်သစ်အသင်းဂျာစီဝတ်ထားတဲ့ စိတ်မကောင်းဖြစ်သူ လမ်းသွားသူတစ်ဦးက ဆိုပါတယ်။

တောင်ပိုင်းမြို့ လိုင်ယွန်က မြို့လယ်မှာ ပြင်သစ်နဲ့ ခရိုအေးရှားတို့ရဲ့ ယှဉ်ပြိုင်မှုကို လဟာပြင်ပိတ်ကားကြီးနဲ့ ြုပသတဲ့နေရာမှာ ရဲကားပေါ် အတင်းတက်ကြတဲ့ လူငယ်တစ်ချို့အပါအဝင် ၁၀၀ ခန့်နဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။

လက်ရှိအထိ ဖမ်းဆီးတာမျိုး မရှိသေးပေမယ့် ထိပ်တိုက်တွေ့မှုတွေဟာ ည ဆယ်နာရီခွဲအထိ ဆက်လက်ဖြစ်ပွားနေပြီး မြို့လယ်ကို လာရောက်ဖို့ ရဲအတားအဆီးတွေကို ကျော်ဖြတ်ဖို့ လုပ်ကြတဲ့ လူငယ် ၅၀ ခန့်နဲ့ တံတားတစ်စင်းမှာ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့မှုလည်း ဖြစ်ပွားပါတယ်။

အရှေ့ပိုင်း နန်စီမြို့ပြင်က မြို့ယ်တစ်မြို့မှာ ပျော်ပွဲရွှင်ပွဲ ကျင်းပချိန်အတွင်း မော်တော်ဆိုင်ကယ် တိုက်မိလို့ သုံးနှစ်အရွယ် ယောက်ကျားလေးတစ်ဦးနဲ့ ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင် ၁၅ ရက်က ရုရှနိုင်ငံ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ပြင်သစ်အသင်းဟာ ခရိုအေးရှားအသင်းကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required