Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ၂၀၁၈ အာရှ အားကစားပွဲတော်တို့အတွက် ပဏာမ ကစားသမား ၂၆ ဦးစာရင်း ထုတ်ပြန်

Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ၂၀၁၈ အာရှ အားကစားပွဲတော်တို့အတွက် ပဏာမ ကစားသမား ၂၆ ဦးစာရင်း ထုတ်ပြန်

Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ၂၀၁၈ အာရှ အားကစားပွဲတော်တို့အတွက် ပဏာမ ကစားသမား ၂၆ ဦးစာရင်းကို ယနေ့မနက်ပိုင်းမှာ နည်းပြချုပ် အန်တွမ်နီဟေးလ်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

"ပဏာမ ကစားသမား (၂၆)ဦးနဲ့ ဇူလိုင်လ (၂၃)ရက်နေ့ကစပြီး မန္တလေးမှာ လေ့ကျင့်မှု စတင်သွားမှာပါ။ (၂၃)နှစ်အထက် ကစားသမား (၃)ဦးအထိ ရွေးခွင့်ရှိတာကြောင့် ပဏာမလူစာရင်းမှာ (၄)ဦးအထိ ထည်သွင်း ထားပါတယ်။ အသင်းရဲ့ ကျောရိုး ကစားသမားတွေကို အဓိက ရွေးချယ်ထားပါတယ်။ ဂိုးသမား (၄)ဦးပါပါတယ်။ အာရှ အားကစားပွဲတော်ကို ကစားသမား (၂၀)ပဲ ခေါ်သွားရမှာပါ။ ဂိုးသမားဆိုရင် (၂)ဦးပဲ ရွေးခွင့်ရှိပါတယ်။ ဒါဟာ ကစားသမားတွေအကြား နောက်ဆုံးလူစာရင်းမှာ ပါဝင်ဖို့ အရမ်းကိုပြိုင်ဆိုင်မှု ပြင်းထန်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။"လို့ နည်းပြ အန်တွမ်နီဟေးလ်က ပြောပါတယ်။

"အခုလူစာရင်းကို ကြည့်မယ်ဆိုရင် အတွေ့အကြုံရင့် ကစားသမားတွေနဲ့ တက်သစ်စလူငယ်ကစားသမားတွေ ပေါင်းစပ်ပါဝင်နေတာ တွေ့ရမှာပါ။ ကျွန်တော်တို့ အားလုံး လေ့ကျင့် ပြင်ဆင်ချိန်ကာလကို ရောက်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ Alpine Cup မတိုင်ခင် (၂၃)ဦးအထိ လျှော့ချမှာဖြစ်ပြီး ပြိုင်ပွဲအပြီးမှာ နောက်ဆုံး လူ(၂၀)စာရင်းကို ထုတ်ပြန်သွားမှာပါ။"လို့ နည်းပြ အန်တွမ်နီဟေးလ်က ဆိုပါတယ်။

မြန်မာ ယူ၂၃ အသင်း (အိုလံပစ်အသင်း) အနေနဲ့ လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့သို့ ထွက်ခွာပြီး လေ့ကျင့်မှုများ စတင်ပြလုပ်သွားမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ Alpine Cup 2018 ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဉ်အဖြစ် သြဂုတ် (၁) ရက်နေ့မှာ တောင်ကိုရီးယား ယူ၁၉၊ သြဂုတ် (၃)ရက်နေ့မှာ ဘာရိန်း ယူ၂၃ နှင့် သြဂုတ် ၅ ရက်နေ့မှာ ထိုင်းယူ၂၃ အသင်းတို့နှင့် အာရှဖလား ပွဲကြိုအဖြစ် လေးနိုင်ငံပွဲစဉ်များ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required