နေရာသစ်ဆီ ရွှေ့ပြောင်းပေးစဉ် ရှားပါး ကြံ့နက် ၈ ကောင် သေဆုံး

နေရာသစ်ဆီ ရွှေ့ပြောင်းပေးစဉ် ရှားပါး ကြံ့နက် ၈ ကောင် သေဆုံး

ဇူလိုင် ၁၆ ။           ။ ကင်ညာနိုင်ငံတောင်ပိုင်းမှာ ရှားပါး ကြံ့နက်တွေကို သစ်တောကြိုဝိုင်းသစ်တစ်ခုဆီ ပြောင်းရွှေ့ပေးခဲ့ရာမှာတော့ ကြံ့ ရှစ်ကောင် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ကြံ့နက်တွေကတော့ လက်ရှိအချိန်မှာ မျိုးသုဉ်းပျောက်ကွယ်လုနီး ဖြစ်နေတဲ့ ရှားပါးတိရိစ္ဆာန်မျိုးနွယ်တစ်ခုလည်း ဖြစ်နေပါတယ်။

ယခုလို နေရာရွှေ့ပြောင်းရင်းနဲ့ ကြံ့နက် ရှစ်ကောင် သေဆုံးသွားတဲ့အတွက်ကြောင့် နောက်ထပ် ကြံ့နက်တွေကို နေရာပြောင်းရွှေ့ပေးမယ့် အစီအစဉ်ကို ချက်ချင်း ရပ်ဆိုင်းထားဖို့ ကင်ညာ ခရီးသွားလုပ်ငန်းနဲ့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး ဝန်ကြီး နာဂျစ်ဘ် ဘာလာလာက ညွှန်ကြားထားခဲ့တယ်လို့ သိရပါတယ်။

ယင်းနိုင်ငံမှာတော့ ယခုလို မျိုးသုဉ်းလုနီး တိရိစ္ဆာန်တွေကို ပိုမို ဂရုစိုက် ထိန်းသိမ်းနိုင်ဖို့အတွက် ဥယျာဉ်သစ်တွေဆီ ရွှေ့ပြောင်းပေးမှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ယခုလို ရှားပါး ကြံ့နက် ရှစ်ကောင် တစ်ပြိုင်နက်တည်း သေဆုံးသွားမှုဖြစ်စဉ်ကတော့ ကြုံတောင့်ကြုံခဲ အခြေအနေတစ်ရပ်လည်း ဖြစ်နေခဲ့ပါတယ်။

ယင်းနိုင်ငံမှာ ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၇ အကြား ကြံ့ ၁၄၉ ကောင်ကို ယခုလိုပဲ ဥယျာဉ်သစ်ဆီ ရွှေ့ပြောင်းပေးထားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required