ရင်သားကင်ဆာကာကွယ်ဖို့ ရင်သားနှစ်ဖက်လုံးကို ကြိုတင်ခွဲစိတ်ဖြတ်ခြင်း

ရင်သားကင်ဆာကာကွယ်ဖို့ ရင်သားနှစ်ဖက်လုံးကို ကြိုတင်ခွဲစိတ်ဖြတ်ခြင်း

ရေးသားသူ Dr. Kaung Thar
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ရင်သားကင်ဆာကိုရှောင်ကြဉ်ရန် ရင်သား၂ဖက်လုံးကို ဖယ်ရှားသည့် လုပ်ဆောင်ချက်ကို ကြိုတင်၍ ရင်သားဖြတ်ခြင်း(mastectomy) ဟုခေါ်ပါသည်။ ရင်သားကင်ဆာဖြစ်နှုန်းမြင့်သည့် အမျိုးသမီးအချို့သည် နောင်ဖြစ်မည့် ရောဂါကိုရှောင်ကြဉ်ရန် ရည်ရွယ်ချက်ဖြင့် ဤခက်ခဲသည့် ဆုံးဖြတ်ချက်ကို ပြုလုပ်ကြသည်။ ကြိုတင်ကာကွယ်၍ ရင်သားဖြတ်ခြင်းတွင် ရင်သားကင်ဆာဖြစ်လာနိုင်သည့် ရင်သားရှိကင်ဆာတစ်ရှူးအားလုံးကိုဖယ်ရှားခြင်းဖြစ်သည်။

ကြိုတင်ကာကွယ်၍ ရင်သားဖြတ်ခြင်းဆိုသည်မှာဘာလဲ။

ရင်သားကင်ဆာဖြစ်နှုန်းမြင့်သူများသည် ရင်သားတစ်ဖက်(သို့) ၂ဖက်လုံးကို ဖြတ်ခြင်းပြုလုပ်ရမည်။ ရင်သားကင်ဆာ မိသားစုရာဇဝင်ရှိသည့် အမျိုးသမီးများတွင် ကြိုတင်ရင်သားဖြတ်ထုတ်ခြင်းက ရင်သားကင်ဆာဖြစ်နှုန်းကို ၉၀ရာခိုင်နှုန်းထိလျှော့ချနိုင်သည်။ သိပ္ပံသုတေသနနည်းအရ BRCA1 (သို့) BRCA2 ချို့ယွင်းဗီဇကိုသယ်ဆောင်ထားသည့် အမျိုးသမီးများတွင် ရင်သားကိုဖယ်ထုတ်ပြီးနောက် ၉၅ရာခိုင်နှုန်းထိအသက်ရှင်နှုန်းမြင့်လာသည်ကိုတွေ့ရသည်။

ရင်သားကင်ဆာဖြစ်နှုန်းလျှော့ချရန် ကြိုတင်၍ ရင်သားဖြတ်သင့်သလား။

အသက်အရွယ်ကြီးမှုနှင့် လိင်အမျိုးအစားကအမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်နှုန်းမြင့်စေသည် ဖြစ်သည်။ အခြားဖြစ်နိုင်သည့် အချက်များရှိသော်လည်းအောက်ပါအချက်များကိုစဉ်းစားသင့်ပါသည်။

  •     ရင်သားကင်ဆာရာဇဝင်ရှိသည့် မိသားစုရှိခြင်း။ သင့်တွင် ရင်သားကင်ဆာဖြစ်ဖူးသည့် ဆွေမျိုးတစ်ယောက်နှင့် အထက်ရှိပါက ဖြစ်နှုန်းပိုမြင့်ပါသည်။
  •     ရင်သားတစ်ဘက်တွင် ကင်ဆာရှိခဲ့ခြင်း။ ကင်ဆာမဖြစ်သည့် ရင်သားကိုကင်ဆာဆဲလ်ရှိသည့် ရင်သားနှင့် အတူတစ်ချိန်တည်းတွင်ဖယ်ရှားပါ။ သင့်တွင်ရင်သားကင်ဆာဖြစ်နှုန်းမြင့်ပါက ကြိုတင်ရင်သားဖြတ်ထုတ်ခြင်းကနောက်ထပ်ကင်ဆာဖြစ်နှုန်းကိုလျှော့ချပေးသည်။ သို့သော်သည် နည်းလမ်းသည် လုံးဝဥဿုံထိရောက်သည်တော့မဟုတ်ပါ။
  •     BRCA1, BRCA2, PALB2, CDH1, PTEN(သို့) TP53 ဗီဇများစစ်ဆေးရာတွင် ချို့ယွင်းချက်များရှိနေခြင်း။
  •     နို့ထုတ်လုပ်သည့် ဂလင်းများတွင်ပုံမမှန်သောဆဲလ်များရှိခြင်း။ Lobular carcinoma in situဆိုသည်မှာနို့ထုတ်လုပ်သည့် ဂလင်းများတွင်ဖြစ်သောပုံမမှန်သည့် အခြေအနေပင်ဖြစ်သည်။ LCISသည် ကင်ဆာအမျိုးအစားမဟုတ်သော်လည်းထိုးဖောက်တိုက်စားသည့် (invasive) ကင်ဆာမျိုးဖြစ်နှုန်းမြင့်ခြင်းကို ပြပါသည်။
  •     ဓာတ်ရောင်ခြည်ကုသမှုရှိခဲ့ခြင်း။ အကယ်၍သင်သည် ငယ်ရွယ်စဉ် ၁၀-၃၀ကြား ဓာတ်ရောင်ခြည်ကုသမှု ကြုံတွေ့ပါကကင်ဆာဖြစ်နှုန်းကိုပိုမြင့်တက်စေပါသည်။
  •     သင်(သို့) သင်ချစ်သည့် သူတွင် ရင်သားကင်ဆာရှိသည်ဟုသိရှိလျှင် နည်းလမ်းများကိုချင့်ချိန်ရန် အချိန်အနည်းငယ်ယူရန် အရေးကြီးသည်။ ကာကွယ်၍ ရင်သားဖြတ်ထုတ်ထားသည့် အမျိုးသမီးများသည် ကင်ဆာကိုနောက်တစ်ကြိမ်ရင်ဆိုင်ရန် အလွန်စိုးရိမ်ကြောင်း ဝန်ခံကြပါသည်။ ကံကောင်းစွာဖြင့် ကြိုတင်ရင်သားဖြတ်ထုတ်ခြင်းကဤကြောက်ရွံမှုကိုသက်သာစေပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly