သရုပ်ဆောင်သီဟတင်စိုး အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရ

သရုပ်ဆောင်သီဟတင်စိုး အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရ

ရန်ကုန် ဇူလိုင် ၁၅ ။          ။ သရုပ်ဆောင် သီဟတင်စိုးသည် အိမ်အကူအမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ရန်ကုန်မြို့၊ သုဝဏ္ဏ ရဲစခန်းတွင် အမှုဖွင့်ခံထားရကြောင်း အဆိုပါရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ဇူလိုင်လ ၁၅ ရက်နေ့က မဇ္ဈိမသို့ အတည်ပြုပြောသည်။

"အခုက ဘာမှ အသေးစိတ်ပြောလို့မရသေးပါ ဘူး။ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ တရားခံကိုတော့ ဖမ်းဆီးထားတာ မရှိသေးပါဘူး" ဟု အဆိုပါ တာဝန်ကျ ရဲအရာရှိက ပြောသည်။

ကျူးလွန်ခံရသူမှာ အိမ်ကူအမျိုးသမီးမှာ ဒေါ်………၊ အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး တရားလိုကိုယ်တိုင် ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ယာ၊ အသောကလမ်းရှိ သရုပ်ဆောင်သီဟတင်စိုး၏နေအိမ်တွင် ဇူလိုင် ၁၃ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမျိုးသမီးအား ခြိမ်းခြောက်ထားမှုကြောင့် ၎င်းက ထုတ်ဖော်မပြောခဲ့ဘဲ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်တွင် အဒေါ်ဖြစ်သူနေအိမ်သို့ သွားရောက်ကာ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းအချက်လက်များအရ သိရသည်။

လက်ရှိတွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရဲစခန်းမှ အမှုကို အသေးစိတ်စုံစမ်းလျှက်ရှိသည်ဟု သိရပြီး သီဟတင်စိုး(စိစစ်ဆဲ) ကို သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly