နယ်စပ်ဆန္ဒပြမှုများအပြီး အစ္စရေးက ဂါဇာက ဟားမတ်စ်ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်

နယ်စပ်ဆန္ဒပြမှုများအပြီး အစ္စရေးက ဂါဇာက ဟားမတ်စ်ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်

ဂျေရုဆလင်၊ ဇူလိုင် ၁၄ ။               ။ ပါလက်စတိုင်းလူငယ်တစ်ဦး ပစ်သတ်ခံရပြီး အစ္စရေးစစ်သားတစ်ဦးအပါအဝင် လူအများစု ဒဏ်ရာရခဲ့တဲ့ နယ်စပ်ဆန္ဒပြထိပ်တိုက်တွေ့မှုများအပြီး ဇူလိုင် ၁၄ ရက် အစောပိုင်းမှာ အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ပိတ်ဆို့ထားသည့် ပါလက်စတိုင် နယ်မြေစုဖက်မှ အစ္စရေး တောင်ပိုင်းသို့ ဒုံးကျည်နှင့် မော်တာကျည်များ ကျရောက်ခြင်းကြောင့် အစ္စရေး၏ လေကြောင်းထိုးစစ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဇူလိုင် ၁၃ ရက် ဂါဇာနယ်စပ်တွင် ဆန္ဒပြမှုများအတွင်း အသက် ၁၅ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦး အော့မန်းရာမီဆိုသူ ပစ်သတ်ခံရပြီး ပါလက်စတိုင်း ၂၂၀ ဒဏ်ရာရကြောင်း ဟားမတ်စ် ထိန်းချုပ်သော ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးက ပြောသည်။

အစ္စရေး စစ်တိုက်လေယာဉ်များက ဟားမတ်စ်တို့၏ တူးမြောင်းနှစ်ခုကို ထိုးစစ်ဆင်ခဲ့ကြောင်း၊ တောင်ပိုင်းဂါဇာနှင့် မြောက်ပိုင်းနယ်မြေမှ တူးမြောင်းနှစ်ခုဖြစ်ကြောင်း၊ ၎င်းအပြင် ကမ်းခြေနယ်မြေတစ်လျှောက်ရှိ အခြားသော အခြေခံအဆောက်အအုံကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က တွစ်တာမှတစ်ဆင့် ထုတ်ပြန်သည်။

ယခု ပစ်မှတ်များတွင် မီးလောင်ဗုံး ပစ်သွင်းတိုက်ခိုက်မှုများအတွက် ပြင်ဆင်ရာ နေရာများနှင့် ဟားမတ်စ်တို့၏ အစွန်းရောက် သင်တန်းပေးရာ နေရာတို့လည်း ပါဝင်သည်ဟု အစ္စရေးစစ်တပ်က ဖော်ပြထားသည်။

အဆိုပါ လေကြောင်းထိုးစစ်များအတွင်း သေကျေဒဏ်ရာရသူ မရှိဘဲ ဟားမတ်စ်တို့၏ စစ်ရေးအခြေခံအဆောက်အအုံများ ပျက်စီးခဲ့ခြင်းသာ ဖြစ်ကြောင်း ဂါဇာရှိ မျက်မြင်များအရ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required