တောင်ကိုရီးယား ရွှံ့ပွဲတော်သို့ လာရောက်ပျော်ပါးဆော့ကစား

တောင်ကိုရီးယား ရွှံ့ပွဲတော်သို့ လာရောက်ပျော်ပါးဆော့ကစား

ဆိုးလ်၊ ဇူလိုင် ၁၄ ။               ။ တောင်ကိုရီးယား ရွှံ့ပွဲတော်ကို ကျင်းပနေတာကြောင့် ဇူလိုင် ၁၄ ရက်မှာ ပွဲတော်သို့ လာရောက်သူတွေ များပြားပါတယ်။

ဒီရွှံ့ပွဲတော်မှာ ဆိုရင် ရွှံ့အိုင်တွေမှာ ဆော့ကစားတာ၊ ရွှံ့နဲ့ နှိပ်နယ်ပေးတာတွေ ဆော့ကစားပျော်ပါးကြတာပါ။

ဘောယောင်ရွှံ့ပွဲတော်လို့ ခေါ်တဲ့ ဒီပွဲတော်ကို ရွှံ့နွံတွေနဲ့ ရေကန်တွေမှာ ပျော်ပါးဆော့ကစားခြင်း၊ ရွံ့အိုင်တွေထဲ လျှောဆင်းခုန်ချခြင်းတွေ လုပ်ဆောင်ပါတယ်။

ဒါ့အပြင် ရွှွှံ့ဘုရင်ဆိုတဲ့ ပြိုင်ပွဲလည်း ရှိပြီး ရွှံ့ဓာတ်ပုံပြိုင်ပွဲကိုပါ ကျင်းပလေ့ရှိတဲ့ ဒီရွှံ့ပွဲတော်ဟာ အနောက်ပိုင်းကမ်းခြေ တောင်ချောင်ချွန်းပြည်နယ်မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်ရပ်ပါ။

ရွှံ့ပွဲတော်ကို ဇူလိုင် ၁၃ ရက်ကနေပြီး လာမယ့် ဇူလိုင် ၂၂ ရက်အထိ ကျင်းပကြမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly