မုံရွာမြို့တွင် ခေတ်မီသင်ကြားရေးနည်းစနစ်ဝေမျှပွဲ ပြုလုပ်

မုံရွာမြို့တွင် ခေတ်မီသင်ကြားရေးနည်းစနစ်ဝေမျှပွဲ ပြုလုပ်

 

ဇူလိုင် ၁၄ ၊ မုံရွာ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမတွင် ဇူလိုင်လ ၁၄ ရက်က ခေတ်မှီသင်ကြားရေးနည်းစနစ်များဝေမျှပွဲ ကျင်းပခဲ့သည်။

မုံရွာမြို့ သင်ကြာရေးနယ်ပယ်ရှိ ဆရာ၊ဆရာမကြီးများကို အရည်အသွေးမြင့် ပညာရေးဖြစ်ဖို့ ရည်ရွယ်၍ နိုင်ငံတကာတွင် လက်ရှိအသုံးပြုနေသော ခေတ်မှီသင်ကြားရေးနည်းစနစ်ဖြစ်သည့် Modern Teaching Techniques များကို မျှဝေခဲ့ကြောင်း သိရသည်။

" Modern Teaching Techniques ဆိုတဲ့အတိုင်း ဆရာ၊ဆရာမတွေကို အဓိက Target ထားတယ် ။ မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေသည် အရမ်းအလုပ်လုပ်ရတယ်။ အဲ့လိုလုပ်ရတဲ့အတွက် တခါတလေ သူတို့ ပုံမှန်လုပ်နေကြထဲမှာပဲ ပိတ်မိနေတာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ ဆရာ၊ ဆရာမ တွေကို ကူညီချင်တဲ့အတွက်ရယ် ကျွန်တော်သင်ယူခဲ့တဲ့ သင်ကြားရေး နည်းစနစ်တွေကို ပြန်လည် မျှဝေချင်တဲ့အတွက် ဒီပွဲကျင်းပြုရတာပါ " ဟု ဒေါက်တာ ဖြိုးပိုင်က ပြောသည်။

သင်ကြားရေးအနစ်မျှဝေပွဲကို မုံရွာမြို့အတွင်းရှိ အစိုးရအခြေခံပညာရေးကျောင်းများမှ ဆရာ၊ဆရာမများ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ခေတ်မီသင်ကြားရေးနည်းစနစ်ဝေမျှပွဲကို မုံရွာမြို့တွင် ပထမဆုံးအကြိမ်ကျင်းပခြင်း ဖြစ်ပြီး Nan Lu Garment ကုမ္ပဏီနှင့် TMI Monywa တို့မှ ပူးပေါင်းပြုလုပ်တာဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly