NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ဥာဏ်လင်းအောင်ရဲ့ တွန်းအားလို့ ခေါင်းစဉ်ပေးထားတဲ့ တေးစီးရီးသစ်ထွက်

.

ရန်ကုန် ဇူလိုင် ၁၃ ။                      ။ အဆိုတော် ဥာဏ်လင်းအောင်က “ တွန်းအား” လို့ ခေါင်းစဉ်ပေးထားတဲ့ တတိယမြောက် တစ်ကိုယ်တော် တေးစီးရီးသစ်ကို မိတ်ဆက်လိုက်ပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ Orchid ဟိုတယ်မှာ စာနယ်ဇင်း မိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာပါ။

"ဒီကြားထဲမှာ သီချင်းအဟောင်းတွေဆိုဖို့ လုပ်လိုက်သေးတယ်။ အဒေါ်ကလည်း အမေရိက ပြန်သွားတော့ သီချင်းရွေးရင်းရွေးရင်းနဲ့ နောက်ဆုံး ဒီတစ်ကိုယ်တော်ပဲ ထုတ်ဖြစ်တာ" လို့ အဆိုတော် ဥာဏ်လင်းအောင်က ပြောပါတယ်။

ဥာဏ်လင်းအောင်ဟာ အသင့်ရှိသူ၊ သူစိမ်းလူ စ တဲ့ တေးစီးရီးတွေနဲ့ လူသိများလာတဲ့တေးသံရှင် တစ်ဦးဖြစ်ပြီး အခုတတိယမြောက် ဒီတေးစီးရီးကို အချိန် ၁ နှစ်လောက်ယူပြီး စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီစီးရီးထဲမှာ စိတ်ဓါတ်ခွန်အားပေး အဓိပ္ပါယ်တွေနဲ့ ပါဝင်တဲ့ တွန်းအား ဆိုတဲ့ တေးသီချင်းကို ခေါင်းစဉ် ပေးဖြစ်ပုံနဲ့ ပတ်သက်ပြီးလည်း အခုလိုပြောပါတယ်။

"အဓိကကတော့ တွန်းအားပေါ့။ အဓိကကတော့ အလုပ်တစ်ခုပြီးမြောက်ဖို့ တွန်းအားက အဓိကပေါ့၊ အဖေက လည်း ကျွန်တော့်အတွက် တွန်းအား တစ်ခု၊ နောက်ပြီး ပရိသတ်ကလည်း တွန်အားတစ်ခုပေါ့၊ အဲဒီတွန်းအား ဆိုတဲ့ အဓိပ္ပါယ်ကို ကြိုက်တာနဲ့ ခေါင်းစဉ်ပေးထားတာ" လို့ ဥာဏ်လင်းအောင်က ပြောပါတယ်။

ဒီတေးစီးရီးထဲမှာ တေးသီချင်း ၆ ပုဒ်ပါဝင်ပြီး တေးရေးတွေအနေနဲ့ သောမတ်(စ်)၊ ရယ်ဂျီ၊ အောင်ကိုမြင့်၊ ညီမင်းခိုင်၊ ဝေကြီးနဲ့ ဒိုးပတ်တို့က ရေး သားထားတယ်လို့ သိရပါတယ်။ လာမယ့် ဇူလိုင် လ ၂၁ ရက်နေ့မှာ Bo Bo music production ကနေ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၂ ရက် နေ့မှာလည်း ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ အနုပညာရှင်တွေနဲ့ တေးစီးရီးပရိုမိုးရှင်းပွဲပြုလုပ် သွားမယ်လို့လည်း သိရပါတယ်။