ဘောလုံးကျွမ်းကျင်စွာကစားတတ်၍ နာမည်ကြီးလာသည့် မလေးရှားသူတစ်ဦး

ဘောလုံးကျွမ်းကျင်စွာကစားတတ်၍ နာမည်ကြီးလာသည့် မလေးရှားသူတစ်ဦး

ဇူလိုင် ၁၃ ။           ။ အမျိုးသားတွေပဲ ဘောလုံးကစားလေ့ရှိတဲ့ မလေးရှားနိုင်ငံမှာ ဘောလုံး ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တဲ့အမျိုးသမီးကတော့ Qhouirunnisa’ Endang Wahyudi ပဲဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် Qhouirunnisa’ ဟာ ၂၀၁၆ ခုနှစ်ကတည်းက YouTube ဗီဒီယိုတွေလေ့လာပြီး ကိုယ့်ဘာသာကိုယ် လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။

၎င်းဟာ တစ်ပတ်မှာ ၄-၅ ရက် ဘောလုံးကန်လေ့ကျင့်သလို ဟန်ချက်ညီအောင်လည်း အမြဲလေ့ကျင့်နေသူဖြစ်ပါတယ်။

Qhouirunnisa’ ရဲ့ဘောလုံးကစားဟန်ဟာ အေရိုးဗစ်ကကွက်တွေနဲ့ဆင်တဲ့အတွက် မလေးရှားအမျိုးသမီးထုကြား ရေပန်းစားနေသူတစ်ဦးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required